ခမ်းနားထည်ဝါတဲ့ ဗြိတိန်မင်းသား Tom Hiddleston ရဲ့ နေအိမ်ကြီး


01 March, 2020

ဒီတစ်ခါမှာတော့ မာဘယ်မှ မင်းသား ချောလေး Tom Hiddleston ရဲ့ ရဲတိုက်ကြီး သဖွယ် ခန်းနားလှတဲ့ ဇိမ်ခံ နေအိမ်ကြီးအကြောင်းကို ရေးသားတင်ဆက်ပေးမှာဖြစ်ပါတယ်။

 

Tom Hiddleston ဟာ A - List Celebrity တစ်ဦးဖြစ်တဲ့ အပြင် Cambridge တက္ကသိုလ်ဆင်းပညာတတ်တစ်ဦးဖြစ်ပြီးTom ဟာ တကယ့်ကို လူကြီးလူကောင်းဆန်ဆန်နေတတ်ထိုင်တတ်သူဆိုတာသင်တို့သိကြမှာပါ။

 

Tom ဟာသူ့ရဲ့ အချိန်အတော်များများကို စာအုပ်တွေနဲ့ပဲကုန်ဆုံးလေ့ရှိပြီး ဝင်ငွေတအားကောင်းပေမဲ့အသုံးအဖြုန်းမရှိအောင်ကို လုံးဝခြွေတာသူပါ။

 

ငွေကြေး ပိုင်ဆိုင်မှု့အားဖြင့် သူ့မှာ 25 $ millions ကျော်ကျော်ရှိနေတယ်သိရပါတယ်။သို့ပေမဲ့ မလိုအပ်ရင်ကားအိမ်မှာထား လမ်းလျှောက် သို့ ရထားစီးနေတုံးပါ။ယခုဆို Tom ဟာ London မှာအတော်ကိုကောင်းတဲ့ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ထားပါပြီ။

 

ထိုအိမ်ကြီးမှာ အခန်း ၆ ခန်းပါပြီး , ဧည့်ခန်းနှစ်ခန်း , စာကြည့်ခန်းအကျယ်ကြီး , ရုပ်ရှင်ရုံအသေးစားတစ်ရုံပါဝင်ပြီး , အဝတ်အစားအခန်း ,အဖိုးတန် ကျောက်မျက်တွေထားတဲ့အခန်း နဲ့ ကျယ်ဝန်းတဲ့ မီးဖိုဆောင်ရှိကာ အတော်ကိုမိုက်နေတာပါ။အိမ်က စက်ပစ္စည်းတွေအကုန် auto system တွေနဲ့ပါတဲ့။

 

အိမ်ရဲ့ အပြင်ဘက်မှာ ပန်းခြံရှိပြီး ရေကူးကန်ရယ် နောက် တန်းနစ် ကွင်းရယ်ရှိပါသေးတယ် ကားပါကင်က ကားအနည်းဆုံး အစီး ၂၀ ထပ်မနဲရပ်လို့ရပါတယ်။အိမ်ပတ်ပတ်လည် Auto Alarm System နဲ့ပါ။အိမ်ကြီးရဲ့ တန်ကြေး က ၄ မီလီယံ တန်တယ်သိရပါတယ်။

 

Tom ဟာ မိဘတွေရှိသေးပေမဲ့ အိမ်ခွဲနေတာဖြစ်တော့ အဲ့ဒီအိမ်အကျယ်ကြီးမှာ သူတစ်ယောက်ထဲနေပါတယ်။နောက်အခါကျ ကိုယ်ပိုင်လေယာဉ်ဆင်းလမ်းပါလုပ်မယ်ကြားသိရပါတယ်။ ထိုအိမ်ကြီးဟာ အင်္ဂလန် နိုင်ငံ Wiltshire မြို့လည်ခေါင်တွင် ရှိပြီး လေဆိပ် ၊ ဈေး ၊ အပန်းဖြေ နေရာတွေနဲ့ နီးကပ်တဲ့ နေရာမှာ တည်ရှိတယ်သိရပါတယ်။

 

Tom လောလောဆယ် အကြိုက်တွေ့ပြီး သူအမြဲစီးနေကျကားက Range Rover ပါ။Tom မှာအဲ့ကားမျိုး ၃ ကားထက်မနည်းရှိပါတယ်တဲ့။နောက် Lamborghini ပြိုင်ကားရယ် အခြားအမျိုးအစားကားတွေထိုအိမ်ကြီးထဲမှာတွေ့ရပါတယ်။အိမ်အကျယ်ကြီး နေတဲ့ရယ်ရွယ်ချက်က သူမိန်းမရလို့သားသမီးတွေနေရအဆင်ပြေအောင်ပါတဲ့။

Global Read 45 times