သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ


01 January, 2020

သင့်ရဲ့အိမ်လေးကို ပုံစံပြောင်းချင်သော်လည်း ဘတ်ဂျက် မလုံလောက်လို့ပဲဖြစ်ဖြစ် အချိန်မရှိလို့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲလို့ရမဲ့ ပုံစံလေးတွေကို ဖော်ပြပေးသွားမှာပါ။ အရောင်လှတဲ့မီးသီးတစ်လုံး သို့မဟုတ် ကြိမ်ခေါင်းအုံးတစ်လုံး ကဲ့သို့သော ရိုးရှင်းတဲ့အရာများက သင့်ရဲ့အိမ်ကိုပြောင်းလဲစေမှာပါ။

၁။ ခမ်းနားသောနားနေခန်း ပြင်ဆင်ခြင်း

image

သင့်ရဲ့အိမ်မှာ ခမ်းနားတယ်လို့ ထင်စေမဲ့နေရာမျိုးမရှိဘူးဆိုရင် ဒီပုံစံလေးက လွယ်လွယ်ကူကူနဲ့ ဖန်တီးလို့ရမှာပါ။ လိုအပ်တာတွေကတော့ စားပွဲခုံ အသေးလေးတစ်ခုံရယ် ပန်းချီကားလေးတွေပါပဲ။ သင့်စိတ်ကြိုက်စားပွဲခုံတစ်ခုကို ရွေးချယ်ပြီးတော့ ခေတ်ဆန်ဆန် ပန်းချီကားတွေကို နံရံပေါ်မှာ အနိမ့်အမြင့် ချိတ်ဆွဲထားခြင်းဟာလည်း ခမ်းနားတဲ့ နေရာလေးတစ်ခုကို ရစေမှာပါ။

၂။ ခေါင်းအုံးဖြင့် အလှဆင်ခြင်း

Image result for Swap Out Your Throw Pillows

Image result for Swap Out Your Throw Pillows

သင့်ရဲ့အိပ်ခန်း သို့မဟုတ် ဧည့်ခန်းကို တောက်ပပလေးဖြစ်ချင်ရင်တော့ ခေါင်းအုံးတွေဖြင့် အလှဆင်လို့ရပါတယ်။ ခေါင်းအုံးရဲ့ အရောင်နှင့်ပုံစံအလိုက် သင့်ရဲ့နေရာက အသစ်အဆန်းလေး ဖြစ်နေမှာပါ။

၃။ ရေချိုးခန်းကို ထိုင်ခုံဖြင့် အလှဆင်ခြင်း

1805 House Beautiful Hopper T13422

ရေချိုးကန်ရဲ့ဘေးကပ်လျက်မှာ ထိုင်ခုံထားရှိခြင်းဟာ သင့်အတွက်သက်သောင့်သက်ဖြစ်စေပြီး အမြင်လည်း လှစေပါတယ်။

၄။ သင်ရဲ့တစ်နေ့တာပစ္စည်းများဖြင့် ပြန်လည်အလှဆင်ခြင်း

image

သင့်အိမ်ရှေ့တံခါးရှေ့ အဝင်နေရာတွင် ချိတ်များတပ်ဆင်ခြင်းဟာ သန့်ရှင်းရေးလုပ်စရာမလိုဘဲ သပ်ရပ်ပြီး သင့်အိမ်ကို အလှဆင်ထားသလို ဖြစ်နေမှာပါ။ စတိုင်ကျတဲ့ ကုတ်အင်္ကျီတစ်ထည်ရယ် ဖိနပ်ချွတ်တဲ့အခါလွယ်ကူစေဖို့အတွက် ထိုင်ခုံလေးတစ်ခုံရယ် လိုအပ်ပြီး သင်ရဲ့အိတ်လေးတွေချိတ်ဆွဲထားခြင်းဟာလည်း အလှဆင်ထားတဲ့ပုံစံမျိုး ဖြစ်နေမှာပါ။

၅။သင်ရဲ့နံရံကို အရောင်ခြယ်ပေးခြင်း

Wall color-block ideas

သင်ရဲ့နံရံကို အရောင်ရင့်ရင့်ခြယ်ခြင်းကလည်း ပိုပြီးတော့ ဆွဲဆောင်မှုရှိစေပါတယ်။ နံရံပေါ်မှာ ပန်းချီကား သို့မဟုတ် ဓာတ်ပုံတွေကို အပေါ်အောက် မညီညာ ချိတ်ဆွဲထားခြင်းကလည်း သင့်ရဲ့နံရံကိုလန်းဆန်းလေးနဲ့ ဆွဲဆောင်မှု ရှိစေမှာ အမှန်ပါ။

Interior Decoration Read 382 times