ဝန်ကြီးများရုံးအား ပြုပြင်မွမ်းမံပြင်ဆင်မှု ပြီးစီးပါကအာဇာနည် ပြတိုက်အဖြစ် ထားရှိသွားမည်


04 December, 2020

ဝန်ကြီးများရုံးအား ပြုပြင်မွမ်းမံပြင်ဆင်မှု ပြီးစီးပါက အများပြည်သူများ လေ့လာကြည့်ရှု့နိုင်ရန် အာဇာနည် ပြတိုက်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း ဝန်ကြီးများ ရုံးဟောင်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ မှ အာဇာနည်နေ့အတွက် ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်သည့်များ အားပြောကြားခဲ့သည်။

အာဇာနည်နေ့အတွက် ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်သည့်များကို ရန်ကုန်မြို့ သိမ်ဖြူလမ်း ရှိဝန်ကြီးများ ရုံးတွင် ကျင်းပခဲ့ပြီး အာဇာနည်နေ့အတွက်ပြင်ဆင်ထားကြောင်းသိရသည်။

ပြင်ဆင်မှုများ ပြီးစီးသွားသည့်အခါ ဗိုလ်ချုပ်နှင့် အာဇာနည်များကို ဂုဏ်ပြုသည့်အနေနှင့် အာဇာနည်ပြတိုက်ဟူ၍ ထားပေးမည်ဖြစ်သည်။

နောက်တစ်ခုအနေဖြင့် မြန်မာပြည်၏ ပထမဆုံးလွှတ်တော်ဖြစ်ခဲ့သည့် ထိုဝင်းထဲတွင် လွှတ်တော်အား လွှတ်တော်ပြတိုက် ဆိုပြီး နာမည်ပေးမည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ပြခန်းများ ထားပြီး တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုများ အသုံးဆောင်ပစ္စည်းများ အား ပြခန်းသဘောမျိုးထားရှိပေးမည်။

ပုဂ္ဂလိက ပြတိုက်အနေနှင့် ထားရှိသွားမည်ဖြစ်သည်။

ဝင်ကြေးနှင့် ပြသမှာပါ။မြန်မာနိုင်ငံသားများ လာရောက်လေ့လာစေချင်သလို နိုင်ငံခြားများကိုလည်း လာကြည့်စေချင်သည်။

လွတ်လပ်ရေး လှုပ်ရှားမှုသမိုင်း၊အာဇာနည်သမိုင်းကို သိစေချင်သည်။ပြည်သူများ အပန်းဖြေရန် ရအောင်လည်း ပန်းခြံအဖြစ် နှင့် ဖွင့်ထားပေးမည် ဟု သိရသည်။

ဝန်ကြီးများရုံး ဧရိယာအကျယ်အဝန်းမှာ ၁၆ ဧက ရှိပြီး အဆောက်အအုံပြင်ဆင်ပြီးစီးမှု ရာခိုင်နှုန်းသည် လက်ရှိအချိန်တွင် ၃ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊

၂ဝ၁၉ ခုနှစ်မတ်လပိုင်းတွင် ပြင်ဆင်မှုပြီးစီးမည်ဖြစ်ပြီး ပြင်ဆင်မှုကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၂ဝ ကျော် ကုန်ကျမည်ဖြစ်သည်။

ယင်းအဆောက်အအုံသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင်သာ ပုံစံတူ နှစ်ခုကျန်ရှိတော့ကြောင်း၊ထို့ကြောင့် ပြင်ဆင်ပြီးပါက အာဇာနည်ပြတိုက်အဖြစ်ဖွင့်လှစ်သွားမည်ဖြစ်ပြီး

နောင်လာနောက်သားများအနေဖြင့် လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်း အာဇာနည်သမိုင်းများကို လာရောက်လေ့လာသင့်ကြောင်းကို ပြောကြားထားသည်။

အာဇာနည်များ၏ ကိုယ်ပိုင်ပစ္စည်း ၂၈ မျိုးကို ပထမဆုံးအကြိမ်ပြသထားသည်။လာရောက်လေ့လာသည့်လူများလည်း အလွန်များပြီး လာရောက်သည့်အခါ တက်သည့် လှေကားကို

သြစတြေးလျနိုင်ငံမှ အင်ဂျင်နီယာများ အကူအညီနှင့် ငွေကုန်ကြေးကျခံပြီး ခိုင်ခံ့အောင်တည်ဆောက်ခဲ့သည်။

ဒါပေမဲ့ လူအရမ်းများလွန်းသည့် အတွက်လှေကားဟနေသည်ကိုတွေ့ရသည်။ထို့ကြောင့် ဒီနှစ်တွင်တက်ခွင့်မပြုကြောင်း သိရသည်။

Local Factory and Industrial Plant Read 48 times