ပုဂံရှေးဟောင်းစေတီများကို အိန္ဒိယနိုင်ငံကရူပီး ၄၅ ကုဋေ အကုန်ကျခံကာ ပြုပြင်ထိန်းသိမ်းသွားမည်


01 January, 2020

ပုဂံဒေသရှိ ရှေးဟောင်းစေတီ ၉၂ ဆူကို အိန္ဒိယနိုင်ငံက ရူပီး ၄၅ ကုဋေ အကုန်ကျခံကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှ သိရသည်။

ပုဂံဒေသရှိဘုရားများအား အိန္ဒိယနိုင်ငံက ၅ နှစ်ကြာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားမှုများ ပြုပြင်ပေးခဲ့ရာ ရှေးဟောင်းစေတီ ၉၂ ဆူကို ဆက်လက်ပြုပြင်ထိန်းသိမ်းသွားရန် စေတီများကို ရွေးချယ်ထားပြီးကြောင်း သိရသည်။

ရှေးဟောင်းစေတီ ၉၂ ဆူထဲမှ ဘုရားစေတီ ၃၆ ဆူကို အဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ရှေးဟောင်းစေတီ ၅၆ ဆူတို့ကို ဓာတုနည်းစနစ်များဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားမည်ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရန် ၁၀ နှစ်လျာထားကြောင်း သိရသည်။

ပုဂံဒေသတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူပေါင်းကာ ယဉ်ကျေးမှုအမွေအနှစ်များ စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန် ဆောင်ရွက်လျက်ရှိသည်။

ပုဂံတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးပေါင်း ၄၀၀ နီးပါးကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ ဂျာမနီ စသည့် နိုင်ငံများက ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ကူညီထိန်းသိမ်း စောင့်ရှောက်ပေးသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံအထိရှိနေပြီး အဖွဲ့အစည်းပေါင်း ၄ဝ ကျော်အထိ ရှိကြောင်း သိရသည်။

Architecture Read 135 times