The 5th Housing & Living in 2017


13 November, 2020

ငါးကြိမ်မြောက် Housing & Living ပြပွဲအား တပ်မတော်ခန်းမတွင် အောက်တိုဘာ ၁၃၊၁၄၊နှင့် ၁၅ရက်နေ့ထိကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ယင်းပြပွဲကြီးတွင်ဆောက်လုပ်ရေးကုမ္ပဏီများမှ ရောင်းချနေသော ကွန်ဒိုများ၊အိမ်ရာများ၊ ခေတ်မီဆောက်လုပ်ရေးပစ္စည်းများ၊သိပ္ပံနည်းပညာဖြင့်

အနုပညာဆန်စွာထုတ်လုပ်ထားသော အိမ်တွင်းအလှဆင်အသုံးဆောင်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများ စုစုပေါင်းကုမ္ပဏီ၄၄ခု ပါဝင်ပြသနေကြောင်း သိရသည်။

ထိုပြပွဲတွင် ခေတ်မီဆောက်လုပ်ရေးပစ္စည်းများ၊အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ကျွမ်းကျင်ပညာရှင်များဖလှယ်ပွဲဖြစ်ကြောင်း သိရသည်။

ထိုပြပွဲကြီးကို အောက်တိုဘာ ၁၃၊၁၄ နှင့် ၁၅ရက်အထိ၃ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး

ယနေ့စတင်ဖွင့်လှစ်သည့်နေ့တွင်ဗိသုကာပညာရှင်များ၊အင်ဂျင်နီယာများ၊ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှင့် အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှ

ကျွမ်းကျင်ပညာရှင်များ လာရောက်လေ့လာကြောင်း သိရသည်။

Events Read 68 times