တရားမဝင်ကုန်သွယ်မှုအဆိုးဝါးဆုံး (၁ဝ) နိုင်ငံတွင် မြန်မာပါဝင်


04 December, 2020

  UK မှ Economic Intelligence Unit က နိုင်ငံစီးပွားရေးများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ နှစ်စဉ် ထုတ်ပြန်သည့် 2018 Global Illicit Trade Environment Index (GITEI) တွင် မြန်မာနိုင်ငံသည် အဆိုးဝါးဆုံး (၁၀) နိုင်ငံတွင် ပါဝင်နေကြောင်း တွေ့ရသည်။

GITEI index သည် နိုင်ငံစီပွားရေး ၈၄ ရပ်ကို အကဲဖြတ်ပြီး စာရင်းပြုစုထားခြင်းဖြစ်သည်။

တရားမဝင် ကုန်သွယ်မှု ပမာဏ

ကမ္ဘာ့စီးပွားရေးတွင် တရားမဝင်ကုန်သွယ်မှုသည် ကမ္ဘာ့ ဂျီဒီပီ၏ ၈ မှ ၁၅ ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းသည်ဟု World Economic Forum 2015 အစီရင်ခံစာတွင် ဖော်ပြထားရာ၌ ၂၀၁၄ ခုနှစ်တွင် တန်ဖိုးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၂ ထရီလီယံ ရှိခဲ့သည်။

အဓိကအချက် ၄ ခု

GITEI index အတွက် အကဲဖြတ်ရာတွင် အစိုးရ မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန် သဘောသဘာ၀၀န်းကျင် ဟူသည့် ကဏ္ဍ ၄ ရပ်တွင် အကျိုးထိရောက်စွာ လုပ်ကိုင်မှု မလုပ်ကိုင်မှုတို့ကို အဓိကထားပြီး အဆုံးအဖြတ်ပြုသည်။ သို့ဖြစ်ရာ ပြဿနာ အရွယ်အစားကို တိုင်းတာပြီး ဆုံးဖြတ်ခြင်း မဟုတ်ချေ။ နိုင်ငံစီးပွားရေး တစ်ရပ်အနေဖြင့် တရားမဝင်ကုန်သွယ်မှုအပေါ် ခုခံတားဆီးနိုင်မှု အားနည်းခြင်းကိုသာ အဓိကအားဖြင့် တိုင်းတာခြင်း ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုကို တားဆီးနိုင်စွမ်း အားကောင်းပါက အမှတ်ပိုရပြီး အားနည်းပါက အမှတ်လျော့နည်းမည်ဖြစ်သည်။ အမှတ်ပြည့်မှာ ၁၀၀ ဖြစ်သည်။

စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံစီးပွားရေး ၈၄ ရပ်တွင် ထိုကဏ္ဍ ၄ ရပ်အတွက် မြန်မာနိုင်ငံ၏ အဆင့်အတန်းများမှာ -

အစိုးရ မူဝါဒ အဆင့်(၈၁)
ရောင်းလိုအားနှင့် ဝယ်လိုအား အဆင့် (၈၁)
ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု အဆင့် (၈၂)
အကောက်ခွန် သဘောသဘာ၀၀န်းကျင် အဆင့် (၇၈)
အာရှပစိဖိတ်ဒေသတွင် အဆိုပါကဏ္ဍ ၄ ရပ် စုစုပေါင်း ပျမ်းမျှရမှတ်အရ နိုင်ငံများ၏ အဆင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Asia-Pacific (အဆင့်/ နိုင်ငံရမှတ်/ 100)

  1. New Zealand 82.3
  2. Australia 81.0
  3. Hong Kong 78.4
  4. Japan 78.2
  5. South Korea 75.4
  6. Singapore 71.1
  7. Taiwan 69.7
  8. China 60.9
  9. Malaysia 60.3
  10. Thailand 59.8
  11. India 58.9
  12. Kazakhstan 54.8
  13. Armenia 49.7
  14. Philippines 48.5
  15. Vietnam 47.5
  16. Indonesia 45.2
  17. Pakistan 41.9
  18. Kyrgyzstan 33.5
  19. Cambodia 30.6
  20. Laos 26.8
  21. Myanmar 22.6
Local Real Estate & Properties Read 38 times