သန်လျင်-သီလဝါ နိုင်ငံတကာအဆင့်မီ လေးလမ်းသွား တိုးချဲ့လမ်းမကြီး


16 December, 2020

ဂျပန်နိုင်ငံ JICA ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အရှည် ၈ ဒသမ ၇ ကီလိုမီတာရှိ သန်လျင်-သီလဝါ နိုင်ငံတကာအဆင့်မီ လေးလမ်းသွားတိုးချဲ့လမ်းမကြီး ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 အဆိုပါလမ်းသည် သန်လျင်မြို့နယ်၊ သန်လျင်တံတား အမှတ် ၁ ၊ သန်လျင်ဘက်ခြမ်းရှိ တံတားအဆင်းမှစကာ သီလဝါစက်မှုဇုန်၊ရေကြောင်းတက္ကသိုလ်လမ်းဆုံအထိ ရှိကြောင်းသိရသည်။

 သီလဝါအထူးစီးပွားရေးဇုန် သည် ရန်ကုန်မြို့နှင့်သာမက မန္တလေး နှင့် မြန်မာနိုင်ငံ၏ အခြားသောနေရာများသို့ တိုက်ရိုက်ဆက်သွယ်စပ်ပေးလျှက်ရှိသည့်အပြင် ဗီယက်နမ်နိုင်ငံ သို့ ထိုင်းနိုင်ငံ မှတဆင့် ဖြတ်သွားနိုင်သည့် အရှေ့-အနောက် စီးပွားရေး စင်္ကြန်ဝင်ပေါက်အဖြစ်လည်း ဆက်သွယ်လျက်ရှိကြောင်းသိရသည်၊၊

Local Mixed Use and Urban Read 119 times