သန်လျင်မြစ်ကူး အမှတ်(၃)တံတားသစ် ၉၂ ရာခိုင်နှုန်း ပြီးစီး


24 November, 2022

သန်လျင်မြစ်ကူး အမှတ်(၃)တံတားသစ် ၉၂ ရာခိုင်နှုန်း ပြီးစီး

 ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် နှင့် သာကေတမြို့နယ်  ဆက်သွယ်ရန်  ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA တို့ပူးပေါင်း၍ ဖက်စပ်လုပ်ငန်း Nippon Koei ကုမ္ပဏီက အဓိကတာဝန်ယူ၍ ဆက်စပ်ကုမ္ပဏီခုနစ်ခုတို့နှင့် ပူးပေါင်းကာ တည်ဆောက်လျက်ရှိသော သန်လျင်မြစ်ကူး တံတားအမှတ်(၃)စီမံကိန်းသည် ယခုအခါ တည်ဆောက်မှု ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 

သန်လျင်မြစ်ကူး တံတားအမှတ်(၃) တည်ဆောက်နေသည့် လမ်းကြောင်းသည် သီလဝါ အထူးစီးပွားရေးဇုန်ကို ရန်ကုန်မြိုသို့ အတိုဆုံး ချိတ်ဆက်နိုင်သည့် လမ်းကြောင်းဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်း များကို ဂျပန်နိုင်ငံ JICA အဖွဲ့၏ ချေးငွေ ယန်း ၃၁ ဘီလီယံဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ 
ပင်မချဉ်းကပ်လမ်း အပါအဝင် စုစုပေါင်းအရှည် မီတာ ၃,၅၀၀ ရှိသည်။ ယာဉ်ကြော လေးလမ်းသွားပါဝင်ပြီး ခံနိုင်ဝန်အား အချင်း ၇၅ တန်ရှိသည်။

Infrastructure and Zones Read 803 times