မြန်မာပြည်တွင် အလှဆုံးတံတားဖြစ်လာမည့် သန်လျင်အမှတ် (၃) တံတား


01 January, 2020

ရန်ကုန်တိုင်းဒေသကြီး သာကေတနှင့် သန်လျင်မြို့သို့ ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား သန်လျင်အမှတ် (၃) ချည်းကပ်လမ်းကို မေလ ၃ ရက်နေ့က စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဌာန၊တံတားဦးစီးဌာနမှ သတင်းရရှိသည်။

ချည်းကပ်လမ်းစတင်တည်ဆောက်ရာတွင် သာကေတအအနီး ၁၀၈တောင် ဘုရားရှေ့မှ ရှုခင်းသာမြို့ပတ်လမ်းထိပ်အထိ မူလက္ကလမ်းဟောင်းကို ပိတ်သိမ်း၍ တံတားလုပ်ငန်းခွင်အဖြစ် စတင်အသုံးပြုတော့မည်ဖြစ်ပြီး လမ်းဘေး ဝဲ/ယာ နှစ်ဖက်မှ အသစ်တိုးချဲ့တည်ဆောက်ထားသော ကတ္တရာလမ်းသစ်များအတိုင်း မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုသွားကြရန် တံတားဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သန်လျင်တံတားအမှတ် (၃) စီမံကိန်းတည်ဆောက်ရေးအတွက် ဂျပန်ကုမ္ပဏီများဖြစ်ကြသည့် Tokyu Construction Co.,Ltd နှင့် Sumitomo Mitsui Construction Co.,Ltd တို့ကို ရွေးချယ်ထားပြီး အဆိုပါတံတားကို Package ( ၃) ခုခွဲကာ Tokyu ကုမ္ပဏီက Package 3 ဖြစ်သည့် Flyover Bridge ကိုလည်းကောင်း၊ Sumitomo Mitsui ကုမ္ပဏီက Package 1 ၊ Package 2 ကိုလည်းကောင်း အသီးသီးတည်ဆောက်မည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှသိရသည်။

အဆိုပါတံတားအရှည်မှာ (၁၉၂၈) မီတာရှိပြီး တံတား၏ ကိုယ်ထည်ကို Steel Box Grider နှင့် အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည်ဖြစ်ကာ ယာဉ်တစ်စီး၏ ခံနိုင်ဝန်အားကို (၇၅) တန် သတ်မှတ်ထားကြောင်း၊ တံတား တည်ဆောက်ရာတွင် ဂျပန်နိုင်ငံမှချေးငွေယူကာ အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄၀ သန်းနှင့် မြန်မာနိုင်ငံဘက်မှထည့်ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်း၊ စုစုပေါင်းဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းဖြင့်၂၀၂၃ ခုနှစ်တွင် လုပ်ငန်းပြီးစီးရန် လျာထားကြောင်း သိရသည်။

သန်လျင်အမှတ်( ၃) ဂုံးကျော်တံတား ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကပြုလုပ်ခဲ့ပြီး တံတားတည်ဆောက်ရေးကာလကိုလည်း မေလ ၁၃ရက်မှ စတင်၍ ၃၁လသတ်မှတ်ထားပြီး ၂၀၂၂ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

Local Tips Read 501 times