ထိုင်းနိုင်ငံတွင် ၂၀၂၂ နိုဝင်ဘာမှာ ကုမ္ပဏီ ၂၆၀၀ ကျော်ပိတ်သိမ်း၊ ဆောက်လုပ်ရေးကဏ္ဍ အများဆုံးဖြစ်ခဲ့


02 January, 2023

ထိုင်းနိုင်ငံတွင် ၂၀၂၂ နိုဝင်ဘာမှာ ကုမ္ပဏီ ၂၆၀၀ ကျော်ပိတ်သိမ်း၊ ဆောက်လုပ်ရေးကဏ္ဍ အများဆုံးဖြစ်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံတွင် နိုဝင်ဘာလအတွင်း လုပ်ငန်းပိတ်သိမ်းသည့် ကုမ္ပဏီပေါင်း ၂၆၈၄ ခုအနက် ဆောက်လုပ်ရေးကဏ္ဍသည် အထိခိုက်ဆုံးဖြစ်ကြောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန Department of Business Development မှ အချက်အလက်ထုတ်ပြန်သည်။

ပိတ်သိမ်းသည့် ကုမ္ပဏီများ၏ စုစုပေါင်း မှတ်ပုံတင်မတည်ငွေ ဘတ် ၉.၄၁၇ ဘီလီယံ ရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်း ၂၃၆ ခု ပိတ်သိမ်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ပိတ်သိမ်းသည့်လုပ်ငန်းခုရေ စုစုပေါင်း၏ ၉ ရာခိုင်နှုန်းရှိသည်။
ဒုတိယ အဆိုးရွားဆုံး ထိခိုက်သည့် လုပ်ငန်းကဏ္ဍမှာ  အိမ်ခြံမြေဖြစ်ပြီး ၁၀၈ ခု ပိတ်သိမ်းသည်။ ပိတ်သိမ်းသည့်လုပ်ငန်းခုရေ စုစုပေါင်း၏ ၄ ရာခိုင်နှုန်းရှိသည်။

တတိယ အဆိုးရွားဆုံး ထိခိုက်သည့် လုပ်ငန်းကဏ္ဍမှာ စားသောက်ဆိုင် ဖြစ်သည်။ ၆၄ ခု ပိတ်သိမ်းခဲ့သည်။ ပိတ်သိမ်းသည့်လုပ်ငန်းခုရေ စုစုပေါင်း၏ ၂ ရာခိုင်နှုန်းရှိသည်။

တရားဝင် မတည်ရင်းနှီးငွေ ဘတ် ၁ သန်းအောက်သာရှိသော လုပ်ငန်းများသည် အများဆုံးပိတ်သိမ်းခဲ့ကြသည်။ ၁,၉၃၅ ခု ပိတ်သိမ်းခဲ့ပြီး ပိတ်သိမ်းသည့်လုပ်ငန်းခုရေ စုစုပေါင်း၏ ၇၂.၀၉ ရာခိုင်နှုန်းရှိသည်။
ဘတ် ၅ သန်းမှ သန်း၁၀၀ အထိ တရားဝင် မတည်ရင်းနှီးငွေရှိသော လုပ်ငန်းများ ၁၂၈ ခု ပိတ်သိမ်းခဲ့သည်။ ပိတ်သိမ်းသည့်လုပ်ငန်းခုရေ စုစုပေါင်း၏ ၄.၇၇ ရာခိုင်နှုန်းရှိသည်။
ဘတ်သန်း ၁၀၀ အထက် တရားဝင် မတည်ရင်းနှီးငွေရှိသော လုပ်ငန်းများ ၁၀ ခု ပိတ်သိမ်းသည်။ ပိတ်သိမ်းသည့်လုပ်ငန်းခုရေ စုစုပေါင်း၏ ၀.၃၇ ရာခိုင်နှုန်းရှိသည်။

နိုဝင်ဘာလတွင် မှတ်ပုံတင်သည့် လုပ်ငန်းအသစ် ၅,၇၇၃ ခု ရှိသည်။ စုစုပေါင်း မတည်ရင်းနှီးငွေ ဘတ် ၂၀ ဘီလီယံ ရှိသည်။
မှတ်ပုံတင်သည့် လုပ်ငန်းအသစ်ခုရေ အများဆုံးကဏ္ဍမှာ အိမ်ခြံမြေဖြစ်ပြီး ၄၉၂ ခု မှတ်ပုံတင်သည်။ အဆောက်အဦဆောက်လုပ်ရေးကဏ္ဍသည် ဒုတိယအများဆုံးဖြစ်ပြီး ၄၈၆ ခု ရှိသည်။ တတိယအများဆုံးမှာ စားသောက်ဆိုင်ဖြစ်ပြီး ၂၅၂ ခု ရှိသည်။

 မတည်ရင်းနှီးငွေ ဘတ် ၁ သန်းအောက် မှတ်ပုံတင်သည့် လုပ်ငန်းအသစ် ၃,၆၀၀ ခု ရှိသည်။ 
 မတည်ရင်းနှီးငွေ  ဘတ် ၁ သန်းမှ ၅ သန်းအထိ ရှိသည့် မှတ်ပုံတင်သည့် လုပ်ငန်းအသစ် ၂,၀၆၇ ခု ရှိသည်။
 ဘတ် ၅ သန်းမှ သန်း၁၀၀ အထိ  မတည်ရင်းနှီးငွေရှိသော လုပ်ငန်းအသစ် ၈၉ ခု ရှိသည်။
ဘတ် သန်း ၁၀၀ အထက် မတည်ရင်းနှီးငွေရှိသော လုပ်ငန်းအသစ် ၁၇ ခု ရှိသည်။
နိုဝင်ဘာလတွင် ပြည်ပလုပ်ငန်း ၅၀ ခု မှတ်ပုံတင်ခဲ့ကြသည်။ 
ဇန်နဝါရီလမှ နိုဝင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဘတ် ၁၁၂ ဘီလီယံ ရှိသည်။

နိုင်ငံအလိုက်ကြည့်လျှင် ဂျပန်နိုင်ငံသည် အများဆုံးဖြစ်ပြီး လုပ်ငန်း ၁၂ ခုတို့က ဘတ် ၁.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပြုခဲ့သည်။
စင်ကာပူနိုင်ငံမှ လုပ်ငန်း ၁၀ ခုတို့က ဘတ် ၃၀၇ သန်း ရင်းနှီးမြှုပ်နှံမှု ပြုခဲ့သည်။
အမေရိကန်နိုင်ငံမှ လုပ်ငန်း ၆ ခုတို့က ဘတ် ၁၆ သန်း ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ပါသည်။
Source nationthailand 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Region Read 455 times