ထိုင်းနှင့်မြန်မာပူးပေါင်း၍ အချိုရည်စက်ရုံတည်ဆောက်


07 December, 2020

  ထိုင်းနိုင်ငံအခြေစိုက် စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် Osotspa အများ ပိုင် ကုမ္ပဏီလီမိတက်နှင့် မြန်မာ နိုင်ငံအခြေစိုက်လွယ်ဟိန်းကုမ္ပ ဏီလီမိတက်တို့သည် သီလဝါအ ထူးစီးပွားရေးဇုန်တွင် အချိုရည် စက်ရုံတည်ဆောက်ရန် ကန်ဒေါ် လာ ၇၃ သန်းကျော် ရင်းနှီးမြှုပ်နှံ မည်ဟု ကြေညာသည်။

        လက်ရှိတွင် ၎င်းတို့သည် သီလဝါအထူးစီးပွားရေးဇုန်ရှိ ခန့်မှန်းမြေ ၁၃၂,၈၀၀ စတုရန်းမီတာအကျယ်တွင် စက်ရုံတည်ဆောက်ရန် ဒီဇင်ဘာ ၁၀ ရက်က အုတ်မြစ်ချခဲ့သည်။ အဆိုပါ Osotspa Myanmar ကုမ္ပဏီလီမိတက်ကို Osotspa က ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး လွယ်ဟိန်းက ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

        အချိုရည်စက်ရုံကို ၂၀၁၉အတွင်း ပြီးစီးမည်ဟု ခန့်မှန်း သော်လည်း မည်သည့် အချိုရည် အမှတ်တံဆိပ်များ ထုတ်လုပ်မည့် အကြောင်း ကုမ္ပဏီနှစ်ခုက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ထိုင်းနိုင်ငံအခြေစိုက် Osotspa သည် မြန်မာနိုင်ငံသို့ M150 အမှတ် တံဆိပ်အချိုရည်ကို တင်သွင်းဖြန့် ချိသည့် ကုမ္ပဏီဖြစ်သည်။

        အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား၌ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးချဲ့ဆောင်ရွက်ရန် ရှိကြောင်း၊ နှစ်စဉ် လက်လီကဏ္ဍ ရောင်းချရမှုနှုန်း သိသာစွာ မြင့်တက်နေသည့် မြန်မာနိုင်ငံကို ယခုကဲ့သို့ ဈေးကွက် ဝင်ရောက်လာခြင်းဖြစ်ကြောင်း Osotspa အများပိုင် ကုမ္ပဏီလီမိ တက်အမှုဆောင်အရာရှိချုပ် Mrs. Wannipa  Bhakdi-butr က ပြောသည်။

Factory and Industrial Plant Read 54 times