ထိုင်းကွန်ဒိုဈေးကွက် ရောင်းချရန် အခန်းပေါင်း ၈ သိန်းနီးပါးရှိ


27 November, 2022

ထိုင်းကွန်ဒိုဈေးကွက် ရောင်းချရန် အခန်းပေါင်း ၈ သိန်းနီးပါးရှိ
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

 

 

စျေးကွက်တွင် ရောင်းချရန် ကွန်ဒိုအခန်းအရေအတွက်သည် ,၂၀၂၅ ခုနှစ်တွင် ၈၇၆,၀၀၀ သို့ရောက်ရှိရန် မျှော်မှန်းထားကြောင်း အိမ်ခြံမြေလုပ်ငန်းကို အထူးပြု၍ ကျွမ်းကျင်သော ဝန်ဆောင်မှုလုပ်ငန်း Jones Lang LaSalle (Thailand) အမျိုးသမီးဥက္ကဋ္ဌ Suphin Mechuchep က ပြောကြားသည်။
.
၂၀၂၂ ခုနှစ် ပထမရှစ်လအတွင်း တန်ဖိုးစုစုပေါင်း ဘတ် ၁၅၁ ဘီလီယံရှိ အခန်းရေ ၅၈,၀၇၈ ကို ဝယ်ယူသူများထံ လွှဲပြောင်းပေးခဲ့သည်။ 
ဝယ်လက်များထဲတွင် ၁၀% သည် နိုင်ငံခြားသားများ ဖြစ်ပြီး တန်ဖိုးစုစုပေါင်း ဘတ် ၃၀ ဘီလီယံရှိ ကွန်ဒိုမီနီယံ တိုက်ခန်းခုရေ  ၅,၈၀၀  ကို ဝယ်ယူခဲ့ကြသည်။ 
၎င်းနိုင်ငံခြားသားများတွင်  တန်ဖိုးစုစုပေါင်း၏ ထက်ဝက် ၅၀% သည် တရုတ်နိုင်ငံသားများ ဝယ်ယူသည့် အခန်းများ ဖြစ်သည်။ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ဝယ်ယူခဲ့ကြသည့် နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား ဝယ်လက်များက ထိပ်ဆုံးမှာ ရောက်ရှိနေပြီး စုစုပေါင်း ထိုင်းဘတ်ငွေ ၁၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ဝယ်ယူခဲ့ကြသည်။
 .
“တရုတ်စီးပွားရေးလုပ်ငန်းရှင်အများစုက ကျောက်ဖရားမြစ်ဘေးက အမိုးပေါ်ကအထပ် penthouse တွေကို အကျယ်အဝန်း စတုရန်းမီတာ ၁၅၀ ကနေ ၃၀၀ အထိ နှစ်သက်ကြတယ်" ဟု သူမက ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ကျင်းပသည့် အိမ်ခြံမြေ နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသားများ ဝယ်ယူသော တိုက်ခန်းများ အားလုံးကို ပျမ်းမျှချကြည့်ပါက တစ်ခန်းလျှင် ပျမ်းမျှတန်ဖိုး ဘတ် ၅ သန်း ဝန်းကျင်ရှိသည်ဟု သူမက ပြောကြားသည်။ 
.
အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ ထိုင်ဝမ်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် မြန်မာဝယ်လက်များ၏ ကွန်ဒိုတိုက်ခန်းများ ဝယ်ယူမှု စုစုပေါင်းတန်ဖိုးသည် ဘတ်ငွေ ၁၅ ဘီလီယံ ရှိသည်။ ထိုစုစုပေါင်း အခန်းအရေအတွက်သည် တရုတ်ဝယ်လက်များ ဝယ်ယူခဲ့သည့် စုစုပေါင်း အခန်းအရေအတွက်ထက် နည်းသည်ဟု သူမက ပြောကြားသည်။
 
ရုရှားဝယ်လက်များသည် ဘတ် ၁၇ သန်းမှ ၃၅ သန်းကြားတန်ဖိုးရှိ အိပ်ခန်းသုံးခန်းမှ ငါးခန်းတွဲယူနစ်များကို အများဆုံးဝယ်ယူသူများ ဖြစ်သည်။
၎င်းအမျိုးအစားတွင် ဒုတိယအများဆုံးမှာ တရုတ်ဝယ်လက်များ ဖြစ်သည်။ ၎င်းအမျိုးအစားသည် ရုရှားနှင့် တရုတ် ဝယ်လက်တို့ကြောင့် ဝယ်လိုအား တက်နေသည်။
.
ဈေးကွက်ထဲတွင် ရောင်းချမည့် ကွန်ဒိုတိုက်ခန်း များလွန်းနေသဖြင့်  Developer များမှ ကွန်ဒိုအသစ်များ ဆောက်လုပ်မှု နှေးကွေးလာသည်ကို မစ္စ Suphin မှ ထောက်ပြခဲ့ပါသည်။ ကွန်ဒိုအစား ဟိုတယ်များ၊ ရုံးခန်းများ၊ လက်လီအရောင်းဆိုင်များပါသည့် အဆောက်အဦများ ဆောက်လုပ်ကြသည်။ 
“COVID-19 အခြေအနေ မတိုင်ခင်မှာ developer အများစုဟာ စျေးကွက်မငြိမ်သက်မှာကို စိုးရိမ်တာကြောင့် ကွန်ဒိုတွေအစား တခြားဟာတွေကို ဆောက်လုပ်ကြပါတယ်။ အထူးသဖြင့် Bank of Thailand ဘဏ်က တန်ဖိုးအရ ချေးငွေအချိုး loan-to-value ratio (LTV) ကို နှိမ့်ချလိုက်ပြီး ဈေးကစားနေတာတွေ  ရပ်တန့်အောင် ကိုင်တွယ်ခဲ့ပါတယ်။ လော့ဒေါင်းများ ချမှတ်ပြီးချိန်မှာ ကွန်ဒိုမီနီယံ ရောင်းလိုအား မြင့်တက်လာပါတယ်" ဟု  Ms Suphin က  နှီးနှောဖလှယ်ပွဲတွင် ရှင်းပြသည်။
.
လက်ရှိဈေးကွက်တွင် ရောင်းချရန် ကွန်ဒိုအခန်းပေါင်း ၇၇၀,၀၀၀ ခန့် ရှိနေသည်။
.
ယခုနှစ်တွင် စတင်ဆောက်လုပ်သည့် ကွန်ဒိုအသစ်များတွင် အများစုသည် မြို့တွင်းပိုင်း အစွန်‌နေရာများတွင် ဖြစ်ပြီး ယေဘုယျအားဖြင့်  အလယ်အလတ်မှ ဈေးနှုန်းသက်သာသော အပိုင်းအကန့်များမှ ကွန်ဒိုတိုက်ခန်းများ ဖြစ်သည်ဟု သူမက ပြောကြားသည်။
Source Bangkokpost 
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

Residential Read 673 times