ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ကွန်ဒိုအဝယ်များသည့်နေရာများ


02 December, 2022

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား ကွန်ဒိုအဝယ်များသည့်နေရာများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကို မြေဝယ်ယူပိုင်ဆိုင်ခွင့် မပေးထားသော်လည်းကွန်ဒိုတိုက်ခန်း ဝယ်ယူပိုင်ဆိုင်ခွင့် ပြုထားသဖြင့် ကွန်ဒိုမီနီယံ တိုက်ခန်းများကို နိုင်ငံခြားသားများ ဝယ်ယူကြရာတွင် ဘန်ကောက်မြို့တော်တွင် ဝယ်ယူသည့် အခန်းရေ အများဆုံး ဖြစ်သည်ဟု အိမ်ရာပိုင်ဆိုင်မှု လုပ်ငန်း Knight Frank Thailand က ဆိုသည်။
၎င်းလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ  Nattha Kahapana က ကိုဗစ်ကပ်ဘေးကြောင့် ဘန်ကောက်သည် နိုင်ငံခြားသား ဝယ်လက်များအတွက် ကွန်ဒိုအများဆုံး ဝယ်ယူမှု အများဆုံး နံပါတ်(၁) နေရာကို ထိခိုက်ခြင်း မရှိကြောင်း ပြောကြားသည်။ သို့သော် ချင်းမိုင်သည် ကွန်ဒိုဝယ်ယူမှု အများဆုံး စာရင်းတွင် အဆင့်လျော့ကျသွားခဲ့ကြောင်း တွေ့ရသည်။ 

ကပ်ဘေးမတိုင်ခင်ကာလ နိုင်ငံခြားသားများ ကွန်ဒိုမီနီယံ ဝယ်ယူမှု အများဆုံး ထိပ်တန်း (၁၀) နေရာ

1. ဘန်ကောက် Bangkok

2. ချွန်ဘူရီ Chonburi

3. ချင်းမိုင် Chiang Mai

4. ဖူးကက် Phuket

5. ဆမွတ်ပရာကန် Samut Prakan

6. ပရာချု၀ပ် ခိရိခန်  Prachuap Khiri Khan

7.  နွန်တပ်ဘူရီ Nonthaburi

8. ရရောင်း Rayong

9. ပထွန်ဌာနီ Pathum Thani

10. ချင်းရိုင် Chiang Rai

ယခုအခါ ဆမွတ်ပရာကန် နှင့် ဖူးကက်တို့သည် ချင်းမိုင်ကို ကျော်တက်သွားပြီ ဖြစ်သည်။ တတိယနှင့် စတုတ္ထ နေရာအသီးသီး ရရှိထားကြသည်ဟု Nattha  က ပြောကြားသည်။

၂၀၂၂ စက်တင်ဘာလ နိုင်ငံခြားသားများ ကွန်ဒိုမီနီယံ ဝယ်ယူမှု အများဆုံး ထိပ်တန်း (၁၀) နေရာ

 
1. ဘန်ကောက် Bangkok

2. ချွန်ဘူရီ Chonburi

3. ဖူးကက် Phuket

4. ဆမွတ်ပရာကန် Samut Prakan

5. ချင်းမိုင် Chiang Mai

6.  ပရာချု၀ပ် ခိရိခန်  Prachuap Khiri Khan

7.ပထွန်ဌာနီ Pathum Thani

8. ပက်ချာဘူရီ Phetchaburi

9. ရရောင်း Rayong

10. နွန်တပ်ဘူရီ Nonthaburi

ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူခဲ့သည့် နိုင်ငံခြားသားများကို နိုင်ငံသားအလိုက် ကြည့်မည်ဆိုလျှင် ၂၀၁၈ နောက်ပိုင်း ကွန်ဒိုမီနီယံ တိုက်ခန်း ခုရေ အများဆုံး ဝယ်ယူသည်မှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။ 
ရုရှားသည် ဒုတိယ အများဆုံး ဖြစ်သည်။ ထို့နောက်တွင် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ အစဉ်အတိုင်း နေရာယူထားကြကြောင်း Nattha က ပြောကြားသည်။ 

ဘန်ကောက်တွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူရန် ရေပန်းအစားဆုံး ၄ နေရာမှာ Sukhumvit, Phrom Phong, Thong Lor နှင့်  Ekkamai တို့ ဖြစ်သည်။ ၎င်း ၄ နေရာတို့တွင် ဂျပန်၊ ဥရောပ၊ ဗြိတိန်၊ အမေရိကန် နိုင်ငံသားများ အဝယ်များကြသည်။ 
Nana နှင့်  Asok တို့တွင် အရှေ့အလယ်ပိုင်းဒေသ အာရပ်နိုင်ငံများမှ အဝယ်များသည်။ 
တရုတ်နိုင်ငံသားများသည်  Ratchadapisek, Huay Kwang and Phraram 9 တို့ကို ကြိုက်နှစ်သက်ကြသည်။ 
Silom မှ ကွန်ဒိုတိုက်ခန်းများ ကို ဥရောပ၊ ဩစတေးလျနှင့် စင်ကာပူတို့မှ နိုင်ငံသားများ အဝယ်များသည်။ 
 ၂၀၁၈ မှ ယခုနှစ် ၂၀၂၂  စက်တင်ဘာလအထိ နိုင်ငံခြားသားများ ဝယ်ယူခဲ့ကြသည့် ကွန်ဒိုတိုက်ခန်း ခုရေ စုစုပေါင်းမှာ ၄၈,၇၄၃ ခန်း ရှိသည်။ 

နှစ်အလိုက် စာရင်း
ခုနှစ် တိုက်ခန်းခုရေ တန်ဖိုး ဘတ် သန်းပေါင်း


2018: 13,568 , 582.558 

2019: 12,798 , 506.23

2020: 8,290 , 213.162

2021: 8,199 , 455.331 

2022: 5,888 ,  275.651 (စက်တင်ဘာလအထိ)
Source Bangkokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Tips Read 428 times