နိုင်ငံခြားသားပိုင် ထိုင်းကွန်ဒိုများတွင် ရုရှားနိုင်ငံသား ပိုင်ဆိုင်မှု ဒုတိယအများဆုံးဖြစ်


10 November, 2022

နိုင်ငံခြားသားပိုင် ထိုင်းကွန်ဒိုများတွင် ရုရှားနိုင်ငံသား ပိုင်ဆိုင်မှု ဒုတိယအများဆုံးဖြစ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံတွင် ကပ်ရောဂါမဖြစ်ပွားမီက  နိုင်ငံခြားသားများ ဝယ်ယူပိုင်ဆိုင်သည့် ကွန်ဒိုအခန်းပေါင်း ၁၃,၀၀၀ ကျော်ရှိနေပြီ တန်ဖိုးအားဖြင့်  စုစုပေါင်း ဘတ်ငွေ ၅၀ ဘီလီယံကျော်ဖိုးရှိကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) မှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဗီချိုင်း ဗီရတ်ကာပန် Vichai Viratkapan က ပြောကြားသည်။

၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်တွင် တစ်နိုင်ငံလုံးတွင် နိုင်ငံခြားသားများထံ လွှဲပြောင်းပေးသည့် ကွန်ဒိုအခန်းအရေအတွက် စုစုပေါင်း ၂,၃၂၆ ယူနစ် ရှိသည်။
၃၇% သည် တစ်ပတ်ရစ်အခန်းများ ဖြစ်သည်။
၈၃% သည် ဈေးနှုန်း ဘတ် ၅ သန်းအောက်ရှိသည့် ကွန်ဒိုတိုက်ခန်းများ ဖြစ်သည်။ ကြမ်းခင်းဧရိယာ ၆၀ စတုရန်းမီတာအောက်တွင် ဖြစ်သည်။
 နိုင်ငံခြားသားဝယ်ယူခဲ့သည့် ကွန်ဒိုတိုက်ခန်းများ အားလုံး၏ စုစုပေါင်းတန်ဖိုးမှာ ဘတ် ၁၂.၁ ဘီလီယံ ဖြစ်ပြီး စုစုပေါင်း ကြမ်းခင်းဧရိယာမှာ ၁၀၉,၄၈၆ စတုရန်းမီတာ ဖြစ်ပါသည်။ 
.
 နိုင်ငံခြားသား ပိုင်ဆိုင်သည့် ကွန်ဒိုတိုက်ခန်းများကို ပိုင်ဆိုင်သည့် နိုင်ငံသားအလိုက်ကြည့်လျှင် တရုတ်နိုင်ငံသားများသည် အများဆုံးဖြစ်ပြီ ပထမနေရာတွင် ဆက်ရှိနေသည်။ ထက်ဝက်နီးပါး ၄၆.၈% ကို တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သည်။ ကျန်သည့် နိုင်ငံသားများ ပိုင်ဆိုင်မှုအသီးသီးသည် ၆% အောက်မှာသာ ရှိသည်။ ဒုတိယအများဆုံး မှာ ရုရှား (၅.၉%)၊ တတိယအများဆုံးမှာ အမေရိကန် (၅.၁%)နှင့် စတုတ္ထအများဆုံးမှာ ဗြိတိန် (၃.၈%) တို့ဖြစ်ပါသည်။
 
 

 
 ၂၀၂၂ ပထမ ၆လတာတွင် နိုင်ငံခြားသားများ ဝယ်ယူခဲ့သည့် ကွန်ဒိုများကို ထိုင်းနိုင်ငံ နေရာဒေသအရ ကြည့်လျှင် ဘန်ကောက်သည် အများဆုံး ဖြစ်ပြီး ခုရေအားဖြင့် ၄၄% ၊ တန်ဖိုးအားဖြင့် ၆၄% ရှိသည်။ ဒုတိယအများဆုံးမှာ ချွန်ဘူရီ ဖြစ်ပြီး ရေအားဖြင့် ၃၁% ၊ တန်ဖိုးအားဖြင့် ၁၆% ရှိပါသည်။
 Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Residential Read 300 times