၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသားများ ထိုင်းမှာ ကွန်ဒိုအခန်း ၅၀၀ ကျော် ဝယ်ယူခဲ့၊ ပျမ်းမျှတန်ဖိုး အမြင


18 February, 2024

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသားများ ထိုင်းမှာ ကွန်ဒိုအခန်း ၅၀၀ ကျော် ဝယ်ယူခဲ့၊ ပျမ်းမျှတန်ဖိုး အမြင့်ဆုံးဖြင့် ထိပ်ဆုံးရောက်ရှိခဲ့ 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများ ဝယ်ယူမှု ပိုမိုများပြားခဲ့သည်။

 

၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံရှိ ကွန်ဒိုမီနီယံများတွင် အခန်းများ ဘတ်ငွေ ၇၃.၁၆ ဘီလီယံကျော်ဖိုး ဝယ်ယူခဲ့ကြသည်။ ၂၀၂၂ ခုနှစ်ထက် ၂၃.၅% ပိုများခဲ့ပါသည်ဟု Government Housing Bank ၏ Real Estate Information Centre (REIC) မှ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ဘတ် ၇၃.၁၆ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း ၁၄,၄၄၉ ခန်းအား ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားသားဝယ်လက်များထံ လွှဲပြောင်းပေးခဲ့ကြောင်း REIC မှ ပြောကြားပါသည်။

၂၀၂၂ ခုနှစ်ထက် အခန်းအရေအတွက် ၂၅% ပိုများပြီး တန်ဖိုးစုစုပေါင်း ၂၃.၅% ပိုများပါသည်။

.

 ၂၀၂၃ ခုနှစ်တွင် ရောင်းချခဲ့သော ကွန်ဒိုများအနက် ၁၃.၄% သည် နိုင်ငံခြားသားများထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

 

ကွန်ဒိုတိုက်ခန်း အဝယ်အများဆုံး နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသားများသည် စတုတ္ထအများဆုံး ဝယ်ယူခဲ့ပါသည်။

● တရုတ် ၆,၆၁၄ ခန်း

 ရုရှား  ၁,၂၆၀ ခန်း

● အမေရိကန်  ၆၃၁ ခန်း 

● မြန်မာ ၅၆၄ ခန်း

● ထိုင်ဝမ်  ၅၃၂ ခန်း

● ဗြိတိန်  ၄၈၆ ခန်း

● ပြင်သစ် ၄၈၄ ခန်း

● ဂျာမန်  ၄၇၄ ခန်း

● ဩစတြေးလျ ၂၇၁ ခန်း

● ဂျပန်  ၂၆၆ ခန်း

● အခြား နိုင်ငံသားများ ၂,၈၆၇

 

REIC ၏ ပြောကြားချက်အရ စိတ်ဝင်စားစရာကောင်းသည့် တွေ့ရှိချက်တစ်ခုမှာ မြန်မာဝယ်လက်များ ဝယ်ယူသည့် အခန်းအရေအတွက်သည် စတုတ္ထအများဆုံး ဖြစ်သော်လည်း အခန်းပျမ်းမျှတန်ဖိုးသည် ဘတ် ၆ ဒသမ ၆ သန်းဖြင့် အမြင့်ဆုံးဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသားများသည် အခန်း အရေအတွက်အရ စတုတ္ထနေရာမှာ ရှိနေသော်လည်း အခန်းပျမ်းမျှတန်ဖိုးအရဆိုလျှင် ပထမနေရာ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။

 

အခန်းကြမ်းခင်းဧရိယာ အကျယ်အဝန်းအရ ကြည့်လျှင် ဗြိတိန်နိုင်ငံသားများသည် ပျမ်းမျှဧရိယာ ၅၆.၅ စတုရန်းမီတာဖြင့် ပထမနေရာ ရရှိခဲ့ပါသည်။ 

 

Source thenationthailand 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Tips Read 247 times