သုဝဏ္ဏအိမ်ရာစီမံကိန်းနှင့် နေပြည်တော်နယ်မြေ၊ဇမ္ဗူသီရိမြို့နယ် စီမံကိန်းအတွက်တင်ဒါခေါ်


18 November, 2020

သုဝဏ္ဏအိမ်ရာစီမံကိန်းရှိလူနေတိုက်ခန်းနှင့် နေပြည်တော်နယ်မြေ၊ဇမ္ဗူသီရိမြို့နယ်အတွင်းတည်ဆောက်ရေးစီမံကိန်းအတွက်တင်ဒါခေါ်ထားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်းမကြီး၊သုဝဏ္ဏအိမ်ရာစီမံကိန်းရှိ လူနေတိုက်ခန်းများကို

အိတ်ဖွင့်တင်ဒါစနစ်ဖြင့် မျက်မြင်အခြေအနေအတိုင်း ပွင့်လင်းမြင်သာစွာရောင်းချမည်ဖြစ်ပါသဖြင့် တင်ဒါအဆိုပြုလွှာများတင်သွင်းရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရောင်းချမည့်လူနေတိုက်ခန်း ပေါင်း ၆ခန်းအတွက် တင်ဒါခေါ်ယူမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို ၂၆-၁၂-၂ဝ၁၇တွင် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

တင်ဒါအဆိုပြုလွှာများတင်သွင်းပြီး တင်ဒါဖွင့်လှစ်မည့်ရက်မှာ ၂၆.၁.၂ဝ၁၈ ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၄ဝ)နေပြည်တော်တွင် တင်ဒါအဆိုပြုလွှာများကိုရောင်းချမည်ဖြစ်သည်။

တင်ဒါအဆိုပြုလွှာပုံစံတင်ဒါစည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ဖုန်း ဝ၆၇၃-၄ဝ၇၅၂၇ နှင့် ဝ၁၈-၂၄၅၆၈၆ သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

နေပြည်တော်နယ်မြေ၊ဇမ္ဗူသီရိမြို့နယ်အတွင်းတည်ဆောက်ရေးစီမံကိန်းအတွက်တင်ဒါခေါ်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်နယ်မြေ၊ဇမ္ဗူသီရိမြို့နယ်အတွင်းအောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။

ကော်မရှင်ရုံးခွဲတည်ဆောက်ခြင်းပေ(၄၄×၆၄×၁၂) နှစ်ထပ်သွပ်မိုး၊သံကူကွန်ကရစ်နှင့် ပေ (၁၆×၁၆)ဆင်ဝင်ပါ အဆောက်အဦ နှင့် အရာရှိနှင့်ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းပေ(၆၆×၄၁×၁ဝ)နှစ်ထပ်သွပ်မိုး၊သံကူကွန်ကရစ်နှင့် ပေ(၁၆×၁၆)ဆင်ဝင်ပါအဆောက်အဦ တည်ဆောက်ရန် အတွက် တင်ဒါခေါ်ယူခြင်းဖြစ်သည်။

တင်ဒါများကို ၁၈-၁၂-၂ဝ၁၇( ၉)နာရီမှ ၂ဝ-၁၂-၂ဝ၁၇ (၁၆)နာရီထိ ရောင်းချမည်ဖြစ်သည်။

တင်ဒါပိတ်မည့်ရက်နှင့်အချိန်မှာ ၂၆-၁၂-၂ဝ၁၇ (၁၆:ဝဝ)နာရီ တွင်ဖြစ်သည်။

တင်ဒါဖွင့်မည့်ရက်မှာ ၁၈-၁-၂ဝ၁၈ နံနက်၁ဝနာရီဖြစ်သည်။

တင်ဒါရောင်းချမည့်နေရာမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊အမှတ်၂၇၊ပြည်လမ်း၊လှိုင်မြို့နယ်ဖြစ်သည်။

သတ်မှတ်ကာလ ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို ဖုန်း ဝ၁-၆၅၄၆၇ဝ နှင့် ဝ၁-၆၅၄၆၇၇ သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Source:Myanmar Alinn

Housing Read 172 times