စစ်ကိုင်းတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူ


24 December, 2019

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ JICA (MY-P17) ဖြင့် ၁၁ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ရန် ခေါ်ယူခြင်း ဖြစ်သည်။

အဆိုပါ တင်ဒါခေါ်ယူရာတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ စစ်ကိုင်းတိုင်းဒေသကြီး JICA (MY-P17) ဖြင့်၁၁ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းများအား Trunkey စနစ်ဖြင့် လုပ်ငန်းအပ်နှံခြင်းအား မြန်မာငွေ(Kyat) ဖြင့် လုပ်ငန်းအပ်နှံလိုပါသဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ မွန်းတည့် ၁၂နာရီ အထိ လျှောက်လွှာများ တင်းသွင်းနိုင်သည်။

အသေးစိတ် သိလိုပါက ဖုန်း-ဝ၆၇-၈၁ဝ၄၂၄၄၊ ဝ၆၇-၈၁ဝ၄၂၄၅၊ Fax-ဝ၆၇-၈၁ဝ၄၂၄၆ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

Infrastructure Read 567 times