အလှဆင်ဘလောက်တုံးများအပါအဝင် ဆိပ်ကမ်းဝင်းအတွင်းရှိ ကွန်တိန်နာ(၁၄)လုံးပါ ပစ္စည်းများ တင်ဒါခေါ်


29 November, 2021

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လေလံတင်ထုခွဲရောင်းချရေးကော်မတီက MSTL, MIP, AWPT, HPT, MITT ဆိပ်ကမ်းဝင်းအတွင်းရှိ လေလံကုန်သေတ္တာ (၁၄)လုံး အတွင်းရှိ 


အထပ်သားပြားများ၊ 
သံတို၊ သံစ၊ သံမှုန်များ ၊ 
လေးညှင်းချောင်းခြောက်အိတ်များ၊ 
ဖိနပ်ဆိုဒ်စုံ၊ 
သိုး/ဆိတ်သားရေကြမ်းများ၊ 
Empty Tanks၊ 
ရေမွှေးများ၊ 
သားရေ/အထည် ဂျီးချွတ် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ 
Nissan ကားအပိုပစ္စည်း ၂၄ မျိုး
ကွန်ကရစ်အလှဆင်ဘလောက်တုံးများနှင့် 
LCL Shipment (၂)ခု အစရှိသည်တို့ကို 


လက်ရှိ မျက်မြင် အခြေအနေအတိုင်း (၃၀-၁၂-၂၀၂၁) ရက်နေ့ (၁၃း၀၀) နာရီအချိန် တွင် အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည်ဖြစ်ပါသည်။

တင်ဒါပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
ဗဟိုပစ္စည်းထိန်း ဌာန၊ 
ကမ်းနားလမ်း 
(ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ 
ကွန်ကရစ်လမ်း၊ Toll Gate အနီး) 
ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့တွင်

(၂-၁၂-၂၀၂၁)ရက်နေ့မှ(၂၈-၁၂-၂၀၂၁)ရက်နေ့အထိ
 ရုံးဖွင့် ရက်/ ရုံးချိန်အတွင်း ဆက်သွယ် ဝယ်ယူနိုင်ပြီး 

အသေးစိတ် သိရှိလိုပါက 
တယ်လီဖုန်း အမှတ်၀၁ ၈၆၁၀၂၃၀ 
သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

Local Read 378 times