တနင်္သာရီတိုင်းဒေသကြီးတွင် တည်ဆောက်နေသော တံတားသုံးစင်း


05 February, 2019

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ပြည်သူများသွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးရန်ပုံငွေဖြင့်ချောင်းကူးတံတားသုံးစင်းကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)က တည်ဆောက် လျက် ရှိသည်။

 ချောင်းကူးတံတားသုံးစင်းမှာ ပရည်တောင်ချောင်းကူးတံတား၊ တောင်ရှည်ချောင်းကူးတံတား၊ ဘုရားကိုင်ချောင်းကူး မင်္ဂလာတံတားတို့ ဖြစ်ကြသည်။

ပရည်တောင်ချောင်းကူး တံတားသည် တံတားအရှည် ပေ ၉၀၀၊ အကျယ် ၁၄ ပေရှိပြီး တိုင်းဒေသကြီး ရန်ပုံငွေကျပ်သန်းပေါင်း ၂၀၇၀ ဖြင့် လည်းကောင်း၊ တောင်ရှည် ချောင်းကူး တံတားသည် အရှည် ၂၉၅ ပေ၊ အကျယ် ၁၈ ပေရှိပြီး တိုင်းဒေသကြီး ရန်ပုံငွေကျပ် သန်းပေါင်း ၁၀၅ဝ ဖြင့် လည်းကောင်း၊ ဘုရားကိုင်ချောင်းကူးမင်္ဂလာတံတားသည် အရှည် ပေ ၈၀၊ အကျယ် ၂၂ပေရှိပြီးတိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၂၈၀ ဖြင့်လည်းကောင်း တည်ဆောက် လျက်ရှိကြောင်း တံတား အထူးအဖွဲ့(၉) မှ သိရသည်။

ပရည်တောင်ချောင်းကူးတံတား သည် ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်၊ ဘေလီတံတား အမျိုးအစားဖြစ်၍ တောင်ရှည်ချောင်းကူးတံတားနှင့် ဘုရားကိုင်ချောင်းကူးမင်္ဂလာတံတားတို့ သည် ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်၊ သံကူကွန်ကရစ် ရက်မကြမ်းခင်း အမျိုးအစားဖြင့်တည်ဆောက် သွားမည်ဖြစ်ပါသည်။

 ယင်းချောင်းကူးတံတား သုံးစင်းကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့ (၉) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး အဆိုပါချောင်းကူးတံတား သုံးစင်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Region Read 29 times