အရှေ့တောင်အာရှရှိ ရေအားလျှပ်စစ်စီမံကိန်းများ ရပ်ဆိုင်း


01 March, 2020

အရှေ့တောင်အာရှရှိ မပြီးစီးသေးသော ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆောက်လုပ်ရန်

အစီအစဉ်ရှိသောရေအားလျှပ်စစ်စီမံကိန်းများ၊ အထူးသဖြင့် မဲခေါင်မြစ်တစ်လျှောက်နှင့် ဝန်းကျင်ရှိ ရေအားလျှပ်စစ်စီမံကိန်းများသည် COVID-19 ကူးစက်ရောဂါကြောင့် ရပ်တန့်သွားကြပြီ ဖြစ်သည်။

လာအိုနိုင်ငံ
=======
လာအိုနိုင်ငံတွင် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အလုပ်သမားတစ် ဦး ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိရပြီးချိန်တွင် လာအိုအစိုးရသည် တိုင်းပြည်ရှိ ရေအားလျှပ်စစ်တည်ဆောက်မှုအားလုံးကို ခေတ္တရပ်ဆိုင်းထားရန် အမိန့်ပေးပြီးဖြစ်သည်။ အဓိက ကျသော Luang Prabang ဆည် အပါအဝင် အနာဂတ် ရေအားလျှပ်စစ်စီမံကိန်လုပ်ငန်းများအတွက် ညှိနှိုင်းတိုင်ပင်နေသည်ကိုလည်း ရပ်ဆိုင်းလိုက်သည်။

ဆယ်စုနှစ်လေးခုအတွင်း အဆိုးရွားဆုံးသော ဒေသတွင်းမိုးခေါင်မှုနှင့် ရာသီဥတုပြောင်းလဲဆိုးဝါးစေခြင်းများ ဖြစ်ပေါ်နေစဉ် COVID-19 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသောသက်ရောက်မှုများက ကြီးမားသောစီမံကိန်းများ ဆက်လက်လုပ်ဆောင်ဖို့ကို ရပ်တန့်သွားစေခဲ့သည်။

“ဒီသက်ရောက်မှုပမာဏက ကူးစက်ရောဂါ ဘယ်လောက်ထိ ဆက်တည်ရှိမလဲဆိုတာပေါ် မူတည်ပါတယ်။ ဒီအချိန်မှာ မသေချာမရေရာမှုတွေ အများကြီးရှိနေတယ်။ ဒီဟာက ဘယ်တော့ကုန်မှာလဲဆိုတာ ဘယ်သူမှသေချာမသိဘူး” ဟု မဲခေါင်မြစ်ကော်မရှင် အထွေထွေအတွင်းရေးမှူးဌာနက CNA သို့ ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား
========
ကမ္ဘောဒီးယားမှ ကျွမ်းကျင်သူများက မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၃၀ ခုနှစ်အထိ ရပ်တန့်ထားရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အာရုံစိုက်ရန်အစိုးရအားတိုက်တွန်းလိုက်သည်။

သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအထွေထွေ ဦး စီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဗစ်တာဂျိုနာက စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် မဲခေါင်မြစ်၏ အဓိကစီးဆင်းမှုတွင် နောက်ထပ်ရေအားလျှပ်စစ်ဆည်များထပ်မံလိုအပ်ခြင်း မရှိကြောင်း VOA သို့ ပြောကြားခဲ့သည်။

"၂၀၂၀ ကနေ ၂၀၃၀ ထိအဓိကမြစ်ပေါ်မှာ ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးတွေ လုပ်မှာမဟုတ်ဘူး" ဟု သူကပြောသည်။ ဤသည်မှာ အဓိက မဲခေါင်မြစ်စီမံကိန်းများအား ဆယ်စုနှစ်တစ်ခုကြာ ဆိုင်းငံ့ထားလိုက်ခြင်း ဖြစ်သည်။

အဆိုပါကြေငြာချက်သည် တည်ဆောက်ရန် အစီအစဉ် ချမှတ်ထားပြီးသား ဖြစ်သော Sambor နှင့် Stung Treng ဆည် ၂ ခု ရပ်ဆိုင်းသွားစေသည်။

မြစ်လက်တက်များမှ ရေအားလျှပ်စစ် စီမံကိန်းများကိုမူ ဆက်လက် အကောင်အထည်ဖော်မည်ဟု ဆိုသည်/
ဥပမာအားဖြင့် Stung Pursat ပြည်နယ်ရှိ ၈၀ မဂ္ဂါဝပ်ထုတ်လုပ်သည့်စက်ရုံသည် အစီအစဉ် ဆက်ရှိနေဆဲဖြစ်သည်ဟု ဗစ်တာဂျိုနာကပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဖြည့်တင်းရန်အတွက် ကမ္ဘောဒီးယားအစိုးရသည် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို တိုးချဲ့လိမ့်မည်ဟုလည်း သူက ဆိုသည်။

ပြီးခဲ့သည့်အပတ်က အမျိုးသားလွှတ်တော်မှမဂ္ဂါဝပ် ၉၀၀ ရှိသည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံအား အတည်ပြုခဲ့သည်။

Global Read 40 times