အခန်းအကုန် ရောင်းထွက်ခဲ့တဲ့ မြေအောက် အရေးပေါ်ကွန်ဒို


21 September, 2021

အမေရိကန်နိုင်ငံမှာ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းရှင် Larry Hall  က ကျေးလက်ဒေသ Kansas တွင် ပိုင်ဆိုင်ထားသော မြေတွင် စစ်အေးကာလတွင် နျူးကလီယားဒုံးကျည် Atlas Missile ထားသိုသော တွင်းကြီး တစ်ခု ပါဝင်နေသည်။ 
Larry Hall  က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုလေ့လာပြီးသောအခါ မြေအောက် အရေးပေါ်ကွန်ဒိုတစ်ခုကို ဒုံးကျည်တွင်းထဲမှာ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။  Survival Condo  ဟု သူက အမည်ပေးလိုက်ပြီး လူ ၇၅ ဦးစာ ကွန်ဒိုကို ဒီဇိုင်းထုတ်ပြီး တည်ဆောက်စေခဲ့သည်။ 

မြေပေါ်မှာ အပျက်အစီးတွေ အကြီးအမား ဖြစ်နေပေမဲ့ ကွန်ဒိုထဲ ရောက်နေသူတွေ ဘေးမသီ ရန်ခမ နေနိုင်ရေးကို ဦးတည်ပြီး ဒီဇိုင်းထုတ်ထားတယ်။ နေရာအတိအကျကို လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခြင်း မပြုပေမဲ့  Kansas City လေဆိပ်ကနေ ကားနဲ့ ၃ နာရီမောင်းရင် ရောက်တဲ့နေရာမှာ ရှိတယ်လို့ Larry Hall က ပြောပြတယ်။ 
အရေးပေါ်အခြေအနေ ပေါ်ပေါက်လို့ ခိုလှုံမယ်ဆိုရင် အချိန်မီ အရောက်လာဖို့ လိုတယ်ဆိုတဲ့ သတ်မှတ်ချက် ထားရှိတယ်။ 
 

Survival Condo ရဲ့ Developer ဖြစ်သူ  Larry Hall


Atlas missile  ဒုံးကျည်တွင်းက Army Corps of Engineers တည်ဆောက်ခဲ့တဲ့ ဒုံးကျည်တွင်း ၇၂ ထဲမှ တစ်ခု ဖြစ်ပါတယ်။

နျူးကလီယား တိုက်ရိုက်ထိမှန်ရင်တောင် ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားတယ်။ တွင်းနက် နံရံတွေက ၉ ပေ အထူ ရှိတယ်။

အီပိုဆီနဲ့ မာထားတဲ့ ကွန်ကရိသားကို သုံးထားတယ်။ 


တွင်းပေါက်ဝ အပေါ်မှာ အမိုးခုံးရှိပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀၀ ကျော်အထိ ခံနိုင်ရည် ရှိတယ်။ 


တွင်းထဲမှာ လူ ၇၅ ဦး  ၅ နှစ်တိုင်တိုင် နေထိုင်နိုင်အောင် လုပ်ပေးထားပြီး ကြမ်းခင်းဧရိယာ စုစုပေါင်း ၅၄,၀၀၀ စတုရန်းပေ  ရှိတယ်။ 

Hall  က ဒုံးကျည်တွင်း ရှိတဲ့မြေကို ၂၀၀၈ ခုနှစ်မှာ ဝယ်ယူခဲ့တယ်။ အစိုးရကို ကန်ဒေါ်လာ ၃၀၀,၀၀၀ ပေးသွင်းရတယ်။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံတယ်။

နဂို ရှိပြီးသား နံရံကို ဆက်လက်အသုံးပြုတဲ့အတွက် ဆောက်လုပ်ရေးကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၁၂၀ သက်သာခဲ့တဲ့အပြင် ခံနိုင်ရည်ကိုလည်း စမ်းသပ်ခံပြီးသား နံရံထူထူကို သူ ရရှိတယ်။ 

 

မြန်နှုန်းမြင့် ဓာတ်လှေကားတစ်စီး တပ်ဆင်တယ်။ လှေကားဖြင့် တက်ဆင်းနိုင်အောင် လှေကားလည်း ထားရှိပေးထားတယ်။

Survival Condo အထဲသို့ သွင်းတဲ့လေကို ဆန်ကာစစ်ပြီးမှ သွင်းတယ်။ ဓာတ်ရောင်ခြည်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ဓာတုပစ္စည်း  စတာတွေ လေထဲ ပါမလာတာ သေချာအောင် စစ်ပြီး လေအသန့်ကိုပဲ သွင်းတယ်။ 

တွင်းအပေါ်ဖက်မှာ ရေ ဂါလံ ၇၅,၀၀၀ သိုလှောင်ထားတယ်။

မီးစက်လည်း ထားရှိတယ်။ 

 

တောင့်တင်းခိုင်မာခြင်း၊ ဘေးကင်းခြင်း တို့ကို စူးစိုက်ပြီး ဆောက်လုပ်ထားတယ်။

တစ်ချိန်တည်းမှာပဲ ဇိမ်ကျကျ နေထိုင်နိုင်ရေးကိုလည်း စီမံပေးထားတယ်။

ကျင်းထဲ ငါးနှစ်တိုင်တိုင် နေထိုင်မယ်ဆိုရင် သက်သောင့်သက်သာ ရှိဖို့ အရေးကြီးတယ်။ 


သံတိုင်တွေနဲ ကွန်ကရိအလွှာတွေ တည်ဆောက်တယ်။ ထောင်လိုက်နဲ့ ရေပြင်ညီ အလွှာအကန့်တွေ တည်ဆောက်တယ်။

သံတိုင် တန်ချိန် ၆၀၀ ကျော် သုံးစွဲပြီး တောင့်တင်းအောင် အားဖြည့်တင်းပေးထားတယ်။ 


၁၉၆၀ ခုနှစ်မှာ ကန်ဒေါ်လာ ၁၅ သန်း ကုန်ကျခဲ့တယ်။ အခုခေတ်ဈေးနဲ့ဆိုရင် ကန်ဒေါ်လာ သန်း ၆၀ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ 

ကွန်ဒိုကို ဈေးဖွင့် ရောင်းချတဲ့အခါ အထပ်တစ်ထပ်လုံးအနေဖြင့် ရောင်းချပြီး   ကြမ်းခင်းဧရိယာ ၁၈၂၀ စတုရန်းပေ နီးပါး ရရှိပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃ သန်း ဖြစ်ပါတယ်။  

ကွန်ဒိုမှာ မိသားစု ခိုလှုံနေထိုင်တဲ့အခါ စားစရာ၊ ရေ အစရှိတာတွေကို စီစဉ်ပေးထားတယ်။ 

 

အဝင်တံခါးမကြီးက ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကို ကြံ့ကြံ့ခံနိုင်တယ်။ 

အဝင်လမ်းနံရံတွေမှာ ကြွေပြားတွေ ကပ်ပေးထားတယ်။ မှောင်တောင်တောင် အရသာ မခံစားရအောင် ဖြူဆွတ်နေတဲ့ ကြွေပြားအရောင်ကို သုံးပေးထားတယ်။ 


အခင်းအကျင်းကို ရွေးစရာ နှစ်မျိုး ဒီဇိုင်းထုတ်ပေးထားတယ်။ တစ်ထပ်မှာ မိသားစု ၆ မှ ၁၀ ဦးအထိ နေထိုင်နိုင်တယ်။

တကယ်လို့ တစ်ခြမ်းစီ ခွဲပြီး နှစ်ခြမ်းထားပေးရင်တော့ တစ်ခြမ်းမှာ ၃ မှ ၅ ဦးအထိ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ 

အထဲမှာ ထည့်ပေးထားတဲ့ ပရိဘောဂ အသုံးအဆောင်တွေကတော့ နှစ်မျိုးစလုံးမှာ အတူတူပဲ ဖြစ်ပါတယ်။ 

 

ပြတင်းပေါက်တွေကို ရှုခင်းတစ်ခု ပြတင်းပေါက်မှ လှမ်းမြင်ရတဲ့အတိုင်း လုပ်ပေးထားပြီး တစ်နေ့တာရဲ့ အချိန်အခါနဲ့အညီ အလင်းအမှောင် ပြောင်းပေးတယ်။ 

ရေကူးကန်၊ သေနတ်ပစ်ခန်းတွေလည်း ပါတယ်။ အပန်းဖြေ ကစားဖို့ ခန်းမလည်း ပါတယ်။

 

 

 

အစည်းအဝေး ခန်းမ၊ ဘား၊ ရုပ်ရှင်ခန်းမ တို့လည်း ပါဝင်တယ်။

 


သင်တန်းခန်းမ တစ်ခု ပါတယ်။

ဟင်းရွက် လတ်လတ်ဆတ်ဆတ် စားနိုင်ဖို့ စိုက်ခင်းခန်းမကို ထည့်သွင်းတည်ဆောက်ပေးထားတယ်။

 

 

ကွန်ဒိုအခန်းတွေမှာ ပရိဘောဂတွေ အသင့် ထားရှိပေးထားတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

Real Estate & Properties Read 40193 times