တရုတ်ဟော့ပေါ့ တိုင်ကွန်းများ စင်ကာပူ ထိပ်တန်းအိမ်များ ဝယ်ယူ


22 November, 2022

တရုတ်ဟော့ပေါ့ တိုင်ကွန်းများ စင်ကာပူ ထိပ်တန်းအိမ်များ ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

စင်ကာပူ၏ အကျော်ကြားဆုံး လုံးချင်းအိမ်ကြီးရခိုင် အချို့၏ စျေးနှုန်းများသည် စံချိန်တင်ရန် မြင့်တက်လာနေစဉ်မှာ တရုတ်နွယ်ဖွား ဟော့ပေါ့ စားသောက်ဆိုင်သူဌေးကြီးတစ်ဦး၏ နောက်ဆုံး အိမ်ဝယ်ယူမှုသည်  စူပါသူကြွယ်များကြားတွင် ဝယ်လိုအား  ခိုင်မာနေသေးကြောင်း သိသာထင်ရှားစေပါသည်။
.
တရုတ်နိုင်ငံ၏ အကြီးဆုံး ဟော့ပေါ့ဆိုင်ခွဲများလုပ်ငန်း Haidilao International Holding Ltd. ၏ ပူးတွဲတည်ထောင်သူ ၄ ဦးအနက်မှ တစ်ဦးဖြစ်သော Sean Shi သည် ၂၀၂၂ စက်တင်ဘာလတွင် စင်ကာပူ ရုက္ခဗေဒ ဥယျာဉ်အနီးရှိ အဆင့်အတန်းမြင့်သော ဘန်ဂလို Good Class Bungalow  GCB တစ်ခုအတွက် စင်ကာပူဒေါ်လာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၅ သန်း) ပေးခဲ့သည်ဟု Straits Times သတင်းဌာနက ဖော်ပြသည်။
.
Shi နှင့် သူ၏ဇနီး Hailey Lee တို့သည် Haidilao ပူးတွဲတည်ထောင်သူ ၄ ဦးအနက် ၂ ဦးဖြစ်သည်။ ကျန် ၂ ဦးမှာ Zhang Yong နှင့် သူ၏ဇနီး Shu Ping တို့ ဖြစ်သည်။
စင်ကာပူတွင် GCB စာရင်းဝင် အိုးအိမ် ၂,၅၀၀ ခန့် ရှိသည်။ နိုင်ငံခြားသားများနှင့် အမြဲတမ်းနေထိုင်သူများကို ဘန်ဂလိုများ ပိုင်ဆိုင်ခွင့် မရှိဟု  ကန့်သတ်ထားသည်။
သူနှင့် သူမိသားစုသည် စင်ကာပူနိုင်ငံသား ခံယူထားပြီပြီ ဖြစ်သဖြင့် ၎င်းအိမ်ကြီးရခိုင်ကို ဝယ်ယူခွင့် ရှိသည်။
.
Good class bungalow သည် မြေကွက်အကျယ်အဝန်း အနည်းဆုံး ၁၅,၀၀၀ စတုရန်းပေ (၁,၄၀၀ စတုရန်းမီတာ) ရှိရသည်။ အိမ်သည် မြေဧရိယာ၏ ၃၅% ထက်ကျော်ပြီး နေရာယူခွင့် မရှိချေ။ အထပ်အနေဖြင့် မြေညီထပ်အပေါ်တွင် နှစ်ထပ်အထိသာ ခွင့်ပြုသည်။ 
ဝယ်ယူမည့်သူသည် စင်ကာပူနိုင်ငံသား ဖြစ်ရမည်။ နိုင်ငံခြားသား ဝယ်ယူလိုပါက နိုင်ငံသား ခံယူပြီးမှသာ ဝယ်ခွင့်ရှိသည်။ အိမ်ထောင်ဖက် ဇနီး သို့မဟုတ် ခင်ပွန်းသည် စင်ကာပူနိုင်ငံသား ဖြစ်ပါက ၎င်းမှတစ်ဆင့် ဝယ်ယူနိုင်သည်။ 
GCB ပိုင်ဆိုင်သူများတွင် ဖုန်စုပ်စက် ဘီလျံနာ James Dyson ၊ Alibaba Group Holding Ltd ပူးတွဲ ထူထောင်သူ James Sheng တို့ ပါဝင်သည်။
ကြွယ်ဝသော နိုင်ငံခြားသားအချို့သည် good class bungalow ဝယ်ခွင့်မရသဖြင့် ငှားရမ်းပြီး နေထိုင်ကြသည်။ ရုက္ခဗေဒဥယျာဉ်အနီးရှိ အိမ်နှစ်လုံး၏ လစဉ်ငှားရမ်းခမှာ စင်ကာပူဒေါ်လာ ၁၅၀,၀၀၀ နှင့် စင်ကာပူဒေါ်လာ ၁၂၈,၀၀၀ ကျသင့်သည်။
.
Sean Shi က စင်ဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်လိုက်သည့် သက်တမ်းအို ဘန်ဂလိုကို Cluny Hill GCB ဟု ခေါ်ဝေါ်ကြသည်။ နောက်ဆုံးအရောင်းအဝယ် ဖြစ်ခဲ့သည်မှာ နည်းပညာလုပ်ငန်းရှင် Tommy Ong က ၂၀၂၁ ဧပြီလတွင် ဝယ်ယူခဲ့သည်။ အိပ်ခန်း ၈ ခန်း၊ ရေကူးကန်တစ်ခု ပါသည်။

Cluny Hill GCB သည် ၁၈,၂၅၅ စတုရန်းပေ ကျယ်ဝန်းသော မြေကွက်ထဲမှာ တည်ရှိသည်။ စင်ဒေါ်လာ သန်း ၅၀ ကို တွက်ချက်ကြည့်ပါက တစ်စတုရန်းပေ စင်ဒေါ်လာ ၂,၇၄၀ ပေးရသည်။ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ဖြင့် သ ဝယ်ယူခြင်း မဟုတ်ဘဲ အိမ်မှာ နေထိုင်မည်ဆိုလျှင် ပြုပြင်မွမ်းမံရမည်။ အနည်းဆုံး စင်ဒေါ်လာ ၁၀ သန်း ဝန်းကျင် ကုန်ကျမည်။ ပြုပြင်ပြီးချိန်တွင် စင်ဒေါ်လာ သန်း ၆၀ ဖြစ်မည်။ တစ်စတုရန်းပေ စင်ဒေါ်လာ ၃,၂၀၀~၃,၃၀၀ ဖြစ်မည်။
.
Haidilao ပူးတွဲတည်ထောင်သူ Zhang Yong သည် နိုင်ငံပိုင် ထွန်စက်စက်ရုံမှာ ဂဟေသမား အလုပ်ကို လုပ်ကိုင်ခဲ့သည်။ Zhang သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် ပြည်နယ်တွင် စားပွဲလေးလုံးဖြင့် ပထမဆုံး စားသောက်ဆိုင်ကို ၁၉၉၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
..
ယခုအခါ  Haidilao သည်  ဆိုင်ခွဲပေါင်း ၁,၃၀၀ ကျော်ကို တရုတ်နိုင်ငံနှင့် စင်ကာပူ၊ တောင်ကိုရီးယားနှင့် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၂၅  နိုင်ငံတွင် ဖွင့်လှစ်ထားသည်။
.
ကုမ္ပဏီ၏ဥက္က‌ဋ္ဌဖြစ်သူ Zhang သည် ကောင်းမွန်သောအတန်းစားဘန်ဂလိုတစ်လုံးကို စင်ကာပူဒေါ်လာ ၂၇ သန်းဖြင့် ၂၀၁၆ ခုနှစ်တွင် ဝယ်ယူခဲ့သည်။
၎င်း၏သား Hanzhi သည် ၂၀၂၀ ခုနှစ်တွင် ခြံချင်းကပ်လျက် အိမ်ကို စင်ကာပူဒေါ်လာ ၄၂ သန်းဖြင့် ဝယ်ယူခဲ့သည်။
.
ဘေဂျင်းအခြေစိုက် စားသောက်ဆိုင် ဆိုင်ခွဲများ လုပ်ငန်း Haidilao သည် စားသောက်ဆိုင်များတွင် အသား၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်နှင့် ခေါက်ဆွဲတို့ဖြင့် ဆူပွက်နေသော စွပ်ပြုတ်ဟင်းရည်ကို ရောင်းချသည်။ လာရောက်စားသောက်သူ များပြားသည့်အခါ စားပွဲအလွတ် မရှိသဖြင့် စောင့်ကြရသည်။ စားပွဲနေရာရဖို့ တန်းစီစောင့်ဆိုင်းနေသူများအတွက်  လက်သည်းအလှဆေးခြယ်ခြင်း၊ ဖိနပ်‌ပေါလစ်တိုက်ခြင်း ဝန်ဆောင်မှုများကို အခမဲ့ပေးအပ်သည်။
တရုတ်နိုင်ငံ၏ ကိုဗစ်လော့ဒေါင်းများသည် Haidilao ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ယခုနှစ် ပထမနှစ်ဝက်တွင် အရှုံးပေါ်ခဲ့ပြီး ၎င်း၏စားသောက်ဆိုင်အရေအတွက် ၁၆၂ ဆိုင် လျော့ကျသွားစေခဲ့သည်။
Zhang သည် မတ်လတွင် စီအီးအိုအဖြစ်မှ နုတ်ထွက်ခဲ့သည်။
Bloomberg ၏ ချမ်းသာကြွယ်ဝမှုညွှန်းကိန်းအရ တည်ထောင်သူလေးဦး၏ စုစုပေါင်းကြွယ်ဝမှုသည် ဇန်နဝါရီမှစတင်၍ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ လျော့ကျခဲ့ပြီး အမေရိကန်ဒေါ်လာ ၉.၃ ဘီလီယံ ဖြစ်သွားခဲ့ပါသည်။
Source Bloomberg 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Real Estate & Properties Residential Read 512 times