Sule Square


26 October, 2020

Sule Square Mall & Offices စီမံကိန်းကတော့  ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့် မှာ တည်ဆောက်နေသည့် ရုံးခန်း တာဝါ နဲ့ ဈေးဝယ်စင်တာ ပဲ ဖြစ်ပါတယ်။ 

ဤစီမံကိန်းမှာ Sule Shangri-la Yangon ဟိုတယ်ကပ်လျက်တွင် တည်ဆောက်လျှက်ရှိပြီး လက်ရှိ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု သိရပါသည်။

ထိုစီမံကိန်းကို Trader Square အမည်ဖြင့် စတင်လုပ်ဆောင်ခဲ့ပြီ  ဒေါ်လာ သန်း ၁၀၀ ကုန်ကျခံကာ တည်ဆောက်မည်ဟု ၂၀၁၄ ခုနှစ်က ကြေငြာခဲ့ပါသည်။ ယခုအခါတွင် Sule Square အမည်ဖြင့် ဆက်လက် လုပ်ဆောင်လျှက်ရှိပါတယ်။

အထပ်၂၃ ထပ် မြင့်ပြီး ဈေးဝယ်စင်တာ ၂ ထပ်၊ ရုံးခန်းအလွှာ ၁၅ ထပ်၊ ကားပါကင်အထပ် ၅ ထပ်တို့ ပါရှိကြောင်း သိရှိရပါသည်။  

ဈေးဝယ်စင်တာက မြေညီထပ်နဲ့ ပထမထပ်မှာရှိပြီး Sule Shangri-La Yangon ဟိုတယ်နဲ့ တောက်လျှောက် ဆက်သွယ် နိုင်တဲ့ လျှောက်လမ်းတွေရှိပါတယ်။ ဈေးဝယ်စင်တာ မှာ ဆိုင်ခန်းနေရာပေါင်း  ၃၃ နေရာ ပါဝင်မှာဖြစ်ပြီး ဌားမည့် နေရာ အနေဖြင့် ၃,၃၀၀ စတုရန်းမီတာ ပါမှာ ဖြစ်ပါတယ်။

ဒုတိယထပ်မှ ရှစ်ထပ်ထိ ကားပါကင် ၄ ထပ်ပါရှိမှာဖြစ်ပြီး ကားစီးရေ  ၆၀၀ ကျော် ရပ်နား နိုင်တဲ့ မိုးလုံလေလုံ ကား ရပ်နားကွင်းပြုလုပ်ထားပါတယ်။ ၆ လွှာကနေ အပေါ်ဆုံးထပ်ထိ ၁၅ ထပ်ဟာ ရုံးခန်း တွေ ဖြစ်ပြီး  အပေါ်ဆုံး အထပ်ကို ၂ထပ်ကတော့ Food & Beverages နှင့် Restaurant နေရာဖြစ်မည်ဟု လျာထားပါသည်။

ဒီဇိုင်းနှင့်နည်းစနစ်များ

Sule Square Mall & Offices ရဲ့ ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ကြတဲ့ ကုမ္ပဏီတွေကတော့  ဆောက်လုပ်ရေးကဏ္ဍကို CNQC ကတာဝန်ယူပြီး ၊ ဗိသုကာဒီဇိုင်းကို DP Architects ကတာဝန်ယူပါတယ်။ 

ပိုင်ဖောင်းဒေးရှင်းကိုတော့  Golden Tri-Star က ဆောင်ရွက်မှာဖြစ်ပြီး စက်မှုနဲ့လျှပ်စစ် အင်ဂျင်နီယာ ပိုင်းကိုတော့  Alpha Consulting က တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ Largdon & Seah ကတော့ အရေအတွက် ခန့်မှန်းရေး ကိုဆောင်ရွက်မှာ ဖြစ်ပြီး  Colliers International Myanmar က ရုံးခန်းနဲ့ ဆိုင်ခန်းငှားရမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Company Country of origin ROLE
CNQC China ဆောက်လုပ်ရေး
DP Architects Singapore ဗိသုကာဒီဇိုင်း
Golden Tri-Star Myanmar ပိုင်ဖောင်ဒေးရှင်း
Alpha Consulting Engineers Singapore စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာပိုင်း
Largdon & Seah Asia region အရေအတွက်ခန့်မှန်းရေး
Colliers International Myanmar US ရုံးခန်းနှင့်ဆိုင်ခန်း ငှါးရမ်းရေးအကျိုးဆောင်


တစ်ထပ်ကို ရုံးခန်းနေရာ  ၁,၉၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ၊ စုစုပေါင်းရုံးခန်း ၁၅ ထပ် အတွက်  ၃၀,၀၀၀ စတုရန်း မီတာရှိပါမယ်။ အခန်းတွေဟာ ကြမ်းခင်းကနေ မျက်နှာကျက်ထိ ၂.၇ မီတာကနေ ၃.၂ မီတာထိ မြင့်ပါတယ်။

ရုံးခန်းများကို ဌားမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ နံမယ်ကြီး Colliers ကို သီးသန့် အဌားကိုယ်စားလှယ် ပေး အပ်ထားပါတယ်။ 

Sule Square Mall & Office မှာ ၂၄ နာရီ လုံခြုံရေး အစောင့်အရှောက် ပေးထားမှာ ဖြစ်ပြီး  အရေးပေါ်မီးစက် ၊ အထပ်တိုင်း စောင့်ကြည့် ကင်မရာ ၊ ဂျစ်ပဆင် ကျောက်ပြားမျက်နှာကျက် ၊ ကြွေပြားကပ် ကြမ်းခင်း ၊ အဆောက်အအုံ တစ်ခုလုံး ဗဟိုမှ လေအေးပေးစနစ် ၊မီးလှန့်အချက်ပေးကိရိယာ ၊ အလိုအလျောက် မီငြိမ်းကိရိယာ ၊  လှပတဲ့ ပန်းချီ နံရံ များနဲ့ လှပတဲ့ ရန်ကုန်မြို့အပေါ်စီး ရှုခင်းများကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယထပ်မှ ရှစ်ထပ်ထိ ကားပါကင် ၄ ထပ်ပါရှိမှာဖြစ်ပြီး ကားစီးရေ  ၆၀၀ ကျော် ရပ်နား နိုင်တဲ့ မိုးလုံလေလုံ ကား ရပ်နားကွင်းပြုလုပ်ထားပါတယ်။ ၆ လွှာကနေ အပေါ်ဆုံးထပ်ထိ ၁၅ ထပ်ဟာ ရုံးခန်း တွေ ဖြစ်ပြီး အပေါ်ဆုံး အထပ်ကို ၂ထပ်ကတော့ Food & Beverages နှင့် Restaurant နေရာဖြစ်မည်ဟု လျာထားပါသည်။

Office and Retail Read 41 times