အရှေ့တောင်အာရှ အကြီးဆုံးမီးရထားဘူတာရုံ ထိုင်းနိုင်ငံတွင် ဖွင့်လှစ်တော့မည်


01 January, 2020

ထိုင်းနိုင်ငံက နိုင်ငံ၏အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် အစီအစဉ်တစ်ခုအဖြစ် ၂၀၂၁ ခုနှစ်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံးရထားဘူတာဖြစ်သော Bang Sue Grand Station ကို ဖွင့်လှစ်ရန် နီးကပ်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဘန်ကောက်မြို့တော်တွင် လက်ရှိ သုံးစွဲနေသော အဓိကဘူတာရုံ Hua Lamphong ကို အစားထိုးမည် ဖြစ်သည်။ Bang Sue ဘူတာရုံသည် ဘန်ကောက်၏ မြို့တွင်းပြေး ရထားများအပြင် မက်ထရို၊ ခရီးဝေးနှင့် မြန်နှုန်းမြင့်ရထားများကိုလည်း ၀န်ဆောင်မှုပေးလိမ့်မည်။ Suvarnabhumi, Don Mueang နှင့် U-Tapao အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် မြန်ဆန်သောသွားလာနိုင်မှုများကို ပေးလိမ့်မည်။

 

ဘန်ကောက် မြောက်ပိုင်းဆင်ခြေဖုံးရှိ Don Mueang နှင့် ရနောင်းပြည်နယ်ရှိ U-Tapao အကြား ကီလိုမီတာ ၂၂၀ အကွာအဝေးကို တစ်နာရီပင် မကြာပဲ သွားလာနိုင်ကြမည်။

 

Sino-Thai Engineering Construction သည်ဘူတာရုံတည်ဆောက်မှုကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုပြီးစီးပြီဖြစ်ရာ ဝန်ဆောင်မှုများကို ၂၀၂၁ ခုနှစ်တွင် စတင်နိုင်ရန်အတွက် ဘူတာရုံ အတွင်းပိုင်းတွင် အပြီးသတ် လုပ်ကိုင်စရာများကို အချိန်မီပြီးစီးအောင် လုပ်ကိုင်မည် ဖြစ်သည်။

 

Bang Sue Grand Station သည ်အကျ်ယအဝန်း ဟက်တာ ၅၂၀ ရှိရာ အရှေ့တောင်အာရှတွင်အကြီးဆုံးဘူတာရုံ ဖြစ်လိမ့်မည်။

 

အထပ် ၄ ထပ် ထားရှိပြီး ရထားဆိုက်ရန် ပလက်ဖောင်း ၁၂ ခု သည် မီတာ ၆၀၀ အထိ ရှည်လျားသည်။ ရထားလမ်း ၂၄ ခု သုံးစွဲနိုင်သည်။ တစ်ချိန်တည်းတွင် ရထား အစီး ၄၀ ဆိုက်ကပ်နိုင်သည်။ နေ့စဉ် ခရီးသည် ခြောက်သိန်းကို ကိုင်တွယ်ပေးနိုင်မည် ဖြစ်ရာ အဓိကဘူတာရုံအဖြစ် လက်ရှိသုံးစွဲနေသော Hua Lamphong ထက် ၁၀ ဆ ပိုများသည်။

 

ထူးခြားချက်မှာ ဘူတာရုံကြီးသည် လျှပ်စစ်ရထားများကိုသာ သုံးစွဲခွင့် ပေးမည် ဖြစ်သည်။

 

Bang Sue ဘူတာရုံကြီးသည် ထိုင်းနိုင်ငံ၏ ပထမဆုံးဖြစ်သော မြန်နှုန်းမြင့် အမြန်ရထား စီမံကိန်းနှင့် လည်း ဆက်စပ်နေသည်။ ၎င်းမြန်နှုန်းမြင့် အမြန်ရထားသည် ဘန်ကောက်နှင့် နောင်ကိုင်အကြား ပြေးဆွဲမည် ဖြစ်ပြီး ရထားလမ်းမှာ တည်ဆောက်ဆဲ ဖြစ်သည်။ ထိုရထားလမ်း ပြီးစီးပါက လာအို-ထိုင်း နယ်ခြားမှ ဘန်ကောက်မြို့တော်သို့ ၃ နာရီဖြင့် ရောက်ရှိနိုင်မည်။ လောလောဆယ်ပြေးဆွဲနေသော ရထားမှာ ၁၁ နာရီ ကြာမြင့်သည်။

Global Read 211 times