ကွန်တိန်နာ ဆိုလာမုန့်ဖုတ်ရုံ


28 December, 2021

ကွန်တိန်နာ ဆိုလာမုန့်ဖုတ်ရုံ

ကွန်တိန်နာကို အသုံးပြုထားပြီး ဆိုလာပါဝါ သုံးတဲ့ မုန့်ဖုတ်ရုံကို ဂျာမနီနိုင်ငံမှ လုပ်ငန်းငယ်အသစ် Solarbakery က ထုတ်လုပ်ပါတယ်။
မုန့်ဖုတ်ရုံကို နေအလင်းရောင်ရှိနေတဲ့ တစ်နေ့တာ မုန့်ဖုတ်ဖို့အပြင် နေအလင်းရောင် မလာသေးခင် အရုံတက်မှာလည်း မုန့်ဖုတ်လို့ရအောင် စီမံပေးထားပါတယ်။
လျှပ်စစ်ဓာတ်အား မရတဲ့နေရာဒေသတွေမှာလတ်ဆတ်ပြီး အရသာရှိသော မုန့်များကို  မုန့်ဖုတ် နိုင်မှာ ဖြစ်ပါတယ်။ အာဖရိက အနောက်ပိုင်းရှိ ဆီနီဂေါနိုင်ငံတွင် မတ်လကုန်ပိုင်းမှာ စတင်ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
နေရောင်ခြည်ဖြင့် မုန့်ဖုတ်လုပ်ငန်းကို လုပ်ကိုင်မှာ ဖြစ်ပါတယ်။
Solarbakery က မုန့်ဖုတ်ရုံကို ကွန်တိန်နာတစ်ခုအတွင်း အပြီးအပိုင်တည်ဆောက်ပြီး ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ဆီနီဂေါနိုင်ငံသို့ တင်ပို့ပါမယ်။
မုန့်ဖုတ်ရုံအတွက် ဓာတ်အား ထုတ်လုပ်မယ့်အပိုင်းကိုတော့ မုန့်ဖုတ်ရုံကို နေရာချပြီးမှ တပ်ဆင်ပေးရမှာ ဖြစ်ပါတယ်။

မုန်ဖုတ်စက်ကို အပူလုံအောင် ကာပေးထားတဲ့ အပိုင်းမှာ တသီးတခြား အထိုင်ချပေး ထားတယ်။
ကွန်တိန်နာထဲမှာ လေအေးစက် မပါရင် ပူအိုက်တဲ့ဒဏ် ပြင်းထန်တာကြောင့် လေအေးစက် တပ်ဆင်ထားတဲ့အခန်း တစ်ခန်းလည်း ပါဝင်ပါတယ်။ ရေကြောင်းပို့ဆောင်ရေးမှာ သုံးစွဲတဲ့ ပေ ၄၀ ကွန်တိန်နာကို အသုံးပြုထားပါတယ်။

Solarbakery ပူးတွဲ ထူထောင်သူ Simon Zimmermann နဲ့ စီးပွားဖက်တို့က ကွန်ဂိုနိုင်ငံမှာ ကွန်တိန်နာ မုန့်ဖုတ်ရုံတွေကို လျှပ်စစ်ဓာတ်အားမရတဲ့ နေရာဒေသတွေအတွက် ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ တစ်နှစ်တာရောင်းအား အမေရိကန်ဒေါ်လာ ၁၂၈,၀၀၀ ပထမဆုံးနှစ်မှာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မုန့်ဖုတ်ရုံအတွက် လျှပ်စစ်ဓာတ်အားကို ဒီဇယ်မီးစက် သုံးစွဲတဲ့အတွက် လေထုညစ်ညမ်းစေတဲ့အပြင် မီးစက်နဲ့ ဒီဇယ် စရိတ်စက ကြီးမားပါတယ်။
ယခု ဆိုလာမုန့်ဖုတ်ရုံက ဆိုလာဖြင့် 52 kW ထုတ်လုပ်နိုင်ပါတယ်။ နေ့ဘက် မုန့်ဖုတ်ချိန်မှာ စွမ်းအင် အများဆုံး သုံးစွဲချိန်မှာ လုံလောက်အောင် ထုတ်ပေးနိုင်ပါတယ်။ 

 

 

 

How To Read 390 times