ဆိုလာပြတင်း


19 January, 2022

ဆိုလာပြတင်း


ဆိုလာပြတင်း လုပ်ငန်းက မိုးမျှော်တိုက်တာတွေကို ထောင်လိုက် မတ်မတ်ထောင်ထားတဲ့ ဆိုလာ ဓာတ်အားထုတ်လုပ်ရေးစခန်းများ အဖြစ်သို့ ပြောင်းလဲပစ်ရန် ရည်ရွယ်ချက် ထားရှိပါတယ်။ ပြတင်းပေါက် ထုတ်လုပ်တဲ့ အထင်ကရ လုပ်ငန်းများထံမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် အကောင်အထည် ဖော်ဖို့ ရည်မှန်းထားပါတယ်။

Ubiquitous Energy က ဆိုလာပြတင်းတွေ ထုတ်လုပ်ဖို့အတွက် အသင့်ပြင်ဆင်ဖို့ အရင်းအနှီး အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိထားပါတယ်။
အ‌မြောက်အမြား ထုတ်လုပ်မှုကို ၂၀၁၄ ခုနှစ် အစောပိုင်းမှ စတင်ဖို့ လျာထားပါတယ်လို့ Ubiquitous Energy ရဲ့ စီအီးအို  Susan Stone က CNBC သတင်းဌာနကို ပြောကြားပါတယ်။

ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းများမှာ Andersen Corporation က ထိပ်တန်း ပြတင်းပေါက်နှင့် တံခါး ထုတ်လုပ်ရေး လုပ်ငန်းတစ်ခု ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၇၀ အထိထည့်ဝင်မှာ ဖြစ်ပါတယ်။
Andersen က ပုဂ္ဂလိကပိုင် လုပ်ငန်းဖြစ်ပြီး ၂၀၂၁ မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလျံ ကျော် ရရှိခဲ့ပါတယ်။

Ubiquitous Energy က မှန်ပြင်အကြည်ပေါ်မှာ ဆိုလာအလွှာ coating တင်ပေးပြီး နေရောင်ခြည်စွမ်းအင် ရယူတဲ့ ဆိုလာပြားအဖြစ်သို့ ရောက်စေပါတယ်။

သမားရိုးကျ မှန်ပြင်ထက် ဆိုလာမှန်ပြင်က ၃၀% ဝန်းကျင် ဈေးပိုပေးရလိမ့်မယ်လို့ Stone က ခန့်မှန်းထားပါတယ်။

မျက်နှာပြင်ပေါ် နေအလင်းရောင် ကျရောက်တာကို လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးတာမှာအကျိုးထိရောက်မှုက သာမန်ဆိုလာပြားထက် ၂၂% လျော့နည်းပါတယ်။ အပြားကို ရေပြင်ညီ အနေအထား ထားရှိခြင်းက နေရောင် ကျရောက်မှု ထောင်လိုက်အနေအထားထက် ပိုမိုကောင်းမွန်တာကြောင့် အကျိုးထိရောက်မှု၂၂% လျော့နည်း နေရတာ ဖြစ်ပါတယ်။

Tips Read 389 times