Soilbuild Construction က မြန်မာနိုင်ငံရှိ လုပ်ငန်းများအတွက် စင်ကာပူဒေါ်လာ ၉.၄ သန်း ထပ်မံရင်းနှီးမြှု


01 January, 2020

Soilbuild ဆောက်လုပ်ရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၉ ရက်တွင် ၎င်းအပြည့်အ၀ ပိုင်ဆိုင်သည့်လက်အောက်ခံ Soilbuild Construction International (SBCI) သို့ စင်ကာပူဒေါ်လာ ၉.၄ သန်း ထပ်ဆောင်းရန်ပုံငွေကို ထပ်မံထည့်သွင်းခဲ့သည်။

SCBI တွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၁၀၀,၀၀၀ မှကန်ဒေါ်လာ ၉.၅ သန်းအထိမြှင့်တင်လိုက်ခြင်း ဖြစ်သည်။အစုရှယ်ယာ ၉.၄ သန်းးဖြင့် ၎င်းရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်ဟု Soilbuild ဆောက်လုပ်ရေးကုမ္ပဏီကပြောကြားခဲ့သည်။ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုသည် SBCI ၏ မ,တည်ရင်းနှီးငွေ အခြေခိုင်မာစေရန်ဖြစ်သည်။ 

SCBI တွင် Soilbuild (Myanmar), Soilbuild Construction (Myanmar) နှင့် Soilbuild (သီလဝါ) တို့ပါဝင်သည်။

Soilbuild Construction သည် အဓိကအားဖြင် စင်ကာပူ၊ မလေးရှားနှင့် မြန်မာ နိုင်ငံများတွင် လုပ်ဆောင်လျက် ရှိပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ခြင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သည်။

Soilbuild Construction သည် ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံရှိ ၎င်း၏ လုပ်ငန်းများထံမှ အမြတ် စင်ကာပူဒေါ်လာ ၈ သန်း ရရှိခဲ့သည်၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် မြန်မာနိုင်ငံ၌ လုပ်လက်စ စီမံကိန်း ၃ ခု ရှိပြီး စုစုပေါင်း တန်ဖိုးမှာ စင်ကာပူဒေါ်လာ ၇၁.၉ သန်း ဖြစ်သည်။

Soilbuild Construction က လုပ်လက်စ စီမံကိန်းများကို ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းတွင် အပြီးသတ်မည်ဖြစ်ပြီး စီမံကိန်းအသစ် တင်ဒါများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Institution Read 50 times