SME စင်တာတစ်ခုရန်ကုန်တိုင်းဒေသကြီးတွင်တည်ဆောက်မည်


02 November, 2020

 

ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် SME လုပ်ငန်းများစာရင်းကိုစနစ်တကျပြုစုပြီး SME စင်တာတစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်းသိရသည်။

အသေးစားနှင့်အလတ်စားစီးပွားရေး(SME)လုပ်ငန်းများကို ရန်ကုန်မြို့စီးပွားရေး၏အဓိကကျောရိုးအနေဖြင့် တည်ဆောက်ရန်အတွက် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ရန်ကုန်တွင် SME စင်တာတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောကြားလိုက်သည်။

ဇူလိုင် ၁၁ ရက်ကရန်ကုန်မြို့၊ဆူးလေရှန်ဂရီလာဟိုတယ်တွင်ပြုလုပ်သည့်(၁၄)ကြိမ်မြောက် Hitachi Young Leaders Initiative ဖိုရမ်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ်ကယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို SME စင်တာပေါ်ထွက်လာပါကနိုင်ငံတကာမှ ရင်းနှီးမြုှပ်နံှသူများကိုပြည်တွင်း SME လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးသည့် အဓိကနေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။

SME များရှင်သန်နိုင်ရန်ဘဏ်စနစ်ကောင်းမွန်ဖို့လိုအပ်မည်ဖြစ်ကြောင်း၊SME သည်ကျောရိုးစီးပွားရေး တစ်ရပ်ဆိုလျှင်ဘဏ်သည်အင်ဂျင်သာဖြစ်သည်။

SME စင်တာသည်နိုင်ငံတကာရင်းနှီးမြှုပ်နံှသူများနှင့်ပေါင်းစပ်ပေးနိုင်သည့်နေရာတစ်ခုဖြစ်လာမှာဖြစ်ပြီး SME များ၏အခန်းကဏ္ဍဖွံ့ဖြိုးမှမြန်မာနိုင်ငံ၏စီးပွားရေးဖွံဖြိုးမှုသည်တည်ငြိမ်စွာဖွံဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် SME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်သွားမည့်အပြင် လုပ်ငန်းစတင်လုပ်ကိုင်မည့်လူငယ်များအတွက်လုပ်ငန်းရပ်တည်နိုင်ရန်အခွင့်အလမ်းများကိုဖန်တီးပေးနိုင်မည့် အစီအစဉ်များကိုတိုင်းဒေသကြီးအစိုးရမှ လုပ်ဆောင်ပေးသွားရန်လုပ်ဆောင်နေကြောင်းလည်းသိရသည်။

လူငယ်များစွန့်ဦးတီထွင်ပြီး စွမ်းဆောင်နိုင်ရန်တွန်းအားပေးနေခြင်းမျိုးရှိကြောင်းနှင့်မကြာမီတွင် လုပ်ငန်းစတင်တည်ထောင်မည့်လူငယ်များအတွက်ရပ်တည်နိုင်မည့်အခြေအနေတစ်ခုကိုလည်း ဖန်တီးပေးနိုင်ရန်ကြိုးပမ်းနေကြောင်းသိရသည်။

လူငယ်လုပ်ငန်းရှင်များအတွက်တိုင်းဒေသကြီးအစိုးရအနေဖြင့် လုပ်ငန်းရပ်တည်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် အခွင့်အလမ်းများဖန်တီးပေးသွားမည့်အပြင် ဘဏ်များဘက်မှလည်း ငွေကြေးထောက်ပံ့မှုများရရှိရန်အတွက်လည်းစီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Democracy newspaper

Region Office and Retail Read 35 times