Smart City Awards ဆုရှိခဲ့သော မန္တလေးမြို့


25 August, 2019

၂၀၁၉ အတွက် Smart City Awardsဆုကို Asian - Oceanian Computing Industry Organization (ASOCIO) မှ ပေးအပ်ရာ မန္တလေးမြို့က ရရှိခဲ့သည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိကျင်းပနေသည့် ASOCIO Smart City Summit 2019 တွင် မန္တလေးကို ASOCIO Smart City Awards 2019 ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ‘‘သုံးနှစ်တာကာလအတွင်း စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေ ကြောင့် တိုးတက်ပြောင်းလဲမှုတွေကို အခြေခံပြီး ရွေးချယ်ခဲ့တာပါ’’ ဟု  ပြောထားသည်။

ဆုပေးအပ်ခဲ့သည့် ASPCIO သည် ၁၉၈၄ က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကွန်ပျူတာစက်မှုလုပ်ငန်း  အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆိုပါအဖွဲ့တွင် မြန်မာနိုင်ငံအပါအဝင်အဖွဲ့ဝင် ၂၄ နိုင်ငံပါဝင်သည်။

 ‘‘အာဆီယံမှာ တိုးတက်မှုအမြန်ဆုံးဆိုတဲ့ပုံစံပေါ့။ စမတ်စီးတီးဖြစ်တယ်ဆိုတာထက် စမတ်စီးတီးခြေလှမ်းကို အမြန်ဆုံး လှမ်းနိုင်တာကြောင့်ဆုရတာပါ’’ ဟု   မန္တလေးမြို့တော်စည်ပင်သာယာရေးကော် တီဝင်တစ်ဦးကပြောသည်။  

 အာဆီယံနိုင်ငံများမှ Smart City ဖြစ်ရန်  အလားအလာအကောင်းဆုံးထိပ်ဆုံး ၁၀ မြို့တွင် အဆင့် (၅) နေရာ၌ မန္တလေးမြို့ကို ရွေးချယ်ထားသည်။

Region Read 46 times