ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် အသေးစား စက်မှုဥယျာဉ်စီမံကိန်း


13 December, 2019

မြို့တော်သစ်အသေးစား စက်မှုဥယျာဉ်စီမံကိန်းတည်ဆောက်ရန်စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လူမှုဘဝနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုများကို လေ့လာဆန်းစစ်ခြင်းနှင့် စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံး စစ်တမ်းကောက်ယူခြင်းများကို

အများပြည်သူသို့ ဇွန်လ ၂၂ ရက်တွင် ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောထားပါသည်။
 
၂၀၁၅ တွင် တည်ထောင်ခဲ့သည့် New City Development ကုမ္ပဏီက ယခုစီမံကိန်းကို မြေဧက ၅၅၀ ခန့်ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။ ဒဂုံမြို့သစ် အရှေ့ပိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က‘‘ဒီစီမံကိန်းက အစိုးရဘက်က ဦးဆောင်ပြီး ဖော်ဆောင်တဲ့ စီမံကိန်းပါ’’ ဟုပြောသည်။
 
New City Development ကုမ္ပဏီကိုအနေနှင့် ယခုစီမံကိန်းအပါအဝင် မြေဧက ၇၀၀ ရှိသည့် ဇရပ်ကွင်းဥယျာဉ် စက်မှုဇုန်၊ မြေဧက ၅၀၀ ရှိသည့် ရှမ်းတဲကြီးအကြီးစားစက်မှုဇုန်နှင့် ဧက ၅၀၀ ရှိသည့် ဒလဘန်း စက်မှုဥယျာဉ်တို့ကို လုပ်ကိုင်ခွင့်ရထားကြောင်းသိရသည်။ တိုင်းအစိုးရက ဒဂုံမြို့သစ်အရှေ့ပိုင်း တွင် အရှေ့ဒဂုံခေတ်မီစက်မှုဇုန် (၁) နှင့် (၂) ကိုအကောင် အထည်ဖော်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ဇုန် (၁)သည်မြေဧက ၂,၈၅၀ ကျယ်ဝန်းပြီး ကုန်သွယ်မှုနှင့်ကုန်ထုတ်လုပ်မှုတိုးတတ်ရန်အတွက် အသေးစားစက်မှု လုပ်ငန်းများနှင့် စီးပွားရေးဇုန်တည်ထောင်ရန် ဖြစ်သည်ဟုသိရသည်။
 
ဇုန် (၂) သည်မြေ ၆,၅၅၅ဧက ရှိပြီး စက်မှုဇုန် နှင့် စီးပွားရေးဇုန်များတည်ထောင်ရန်ဖြစ်ကြောင်း၊ လူနေအိမ်ရာများပါဝင်မည်ဖြစ်ပြီး စီမံကိန်းအကြိုလေ့လာမှုများ ပြု လုပ်ခဲ့ပြီး ၂၀၁၉ နှစ်စပိုင်းတွင် စီမံကိန်းဖြစ်နိုင်ခြေရှိ၊ မရှိလေ့လာခဲ့သည်။

Factory and Industrial Plant Read 35 times