အရန်မြို့သစ်စီမံကိန်းခြောက်နေရာ လုပ်ဆောင်ရန်စီစဉ်


08 November, 2020


ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးပွားလာမည့်လူဦးရေအခြေအနေအရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို သက်ဆိုင်ရာမှ ဖော်ဆောင်ရန်စီစဉ်လျက်ရှိသည့်

မဟာဗျူဟာအရ အရန် မြို့သစ်စီမံကိန်းခြောက်ခုဖော်ဆောင်ရေးပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ သိရသည်။

ရန်ကုန်မြို့သည် ၂ဝ၃ဝပြည့်နှစ်နောက်ပိုင်းတွင် လူဦးရေ ၁ဝသန်းကျော်ရှိလာမည်ဖြစ်သောကြောင့် အရန်မြို့သစ်စီမံကိန်းများကို အချိန်မီ အကောင်အထည်ဖော်နိုင်ရန်ရေးဆွဲလျက်ရှိရာ

လှိုင်သာယာ၊အရှေ့ဒဂုံ၊ မင်္ဂလာဒုံမြို့နယ်၊သန်လျင်မြို့နယ်အတွင်းရှိ နေရာများပါဝင်ကြောင်းသိရသည်။

ထိုအရန်မြို့ ခြောက်ခုအား JICA မှ အဆိုပြုရေးဆွဲတင်ပြထားပြီး စီမံကိန်းမစရသေးကြောင်းကို မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်တိုင်း)ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်းသိရသည်။

JICAသည် အဆိုပြုထားသောရန်ကုန်တိုင်းဒေသကြီးအတွင်း အရန် မြို့သစ်ခြောက်ခုမှာ ထောက်ကြံ့အရန်မြို့၊ရွှေလင်ဗန်းအရန်မြို့၊အရှေ့ဒဂုံအရန်မြို့၊ပန်းလှိုင်အရန်မြို့၊တောင်ပိုင်းအရန်မြို့(သံလျင်မြို့နယ်အတွင်း)၊

သီလဝါအရန်မြို့တို့ဖြစ်ပြီး ထိုနေရာမျာမှာ ဖွံ့ဖြိုးဆဲနေရာများဖြစ်ကြောင်းသိရသည်။

Pyi Myanmar

Mixed Use and Urban Read 55 times