New Mandalay Resort City တည်ဆောက်ရေးအတွက် ကုမ္ပဏီခြောက်ခု ပဏာမ ရွေးချယ်


24 November, 2020

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်၊မန္တလေး-လားရှိုးလမ်းမကြီးဘေး တွင်အကောင်အထည်ဖော်ဆောက်လုပ်မည့် New Mandalay Resort City စီမံကိန်းအတွက်

Master Developer ရွေးချယ်ရန် လျှောက်ထားခဲ့သူများအနက် ကုမ္ပဏီခြောက်ခု အားပဏာမ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန မှ ထုတ်ပြန်ထားကြောင်းသိရသည်။

မြေဧက တစ်သောင်းပေါ်တွင် လူမှုစီးပွားဖွံ့ဖြိုးရေး၊မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အခြေခံသော အပန်းဖြေ ဝန်ဆောင်မှု မြို့အဖြစ် တည်ဆောက်ရန်အတွက် EOI ခေါ်ယူခြင်းထားကြောင်းသိရသည်။

ယခု ကုမ္ပဏီ ခြောက်ခု ရွေးထားသည့်အထဲမှ နောက်ဆုံးရွေးဦးမည်ဖြစ်သည်။တင်ပြချက်များကို ကော်မတီ တာဝန်ရှိသူများ မှ ကြည့်ရှုပြီး သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသည့် ကုမ္ပဏီ အားရွေးမည်ဖြစ်သည်။

ခန့်မှန်းခြေ အနေဖြင့် ဒီလကုန် တွင် ရွေးချယ် ခံရမည့် ကုမ္ပဏီစာရင်း ထွက်လာမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်းသိရသည်။

ပဏာမ ရွေးချယ်ခံရသည့်ကုမ္ပဏီခြောက်ခုမှာ Wa Minn Co.,Ltd,Shwe Taung Development Co.,Ltd,မြန်မာဂုဏ်ရည်ဂုဏ်သွေးဆောက်လုပ်ရေး၊Khin Myanmar Development Co.,Ltd,Crown Advanced Construction Co.,ltd,

Central Irrawaddy Developmentတို့ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် စက်မှုအိုင်တီနည်းပညာစိုက်ပျိုးရေးစီမံကိန်း၊စီးပွားရေးလုပ်ငန်း၊ကျန်းမာရေး၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအခြေပြု မြို့အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

Region Mixed Use and Urban Read 42 times