မဟာဘန်ကောက်မှ လုံးချင်းအိမ်များ ဝယ်လိုအား  အားကောင်းနေဆဲ


24 October, 2023

မဟာဘန်ကောက်မှ လုံးချင်းအိမ်များ ဝယ်လိုအား  အားကောင်းနေဆဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မဟာဘန်ကောက်မှ လုံးချင်းအိမ် စျေးကွက်သည် ယမန်နှစ်ကတည်းက အားကောင်းခဲ့ပြီး ဝယ်လိုအား အားကောင်းသောကြောင့် ၃လပတ် ငါးခုဆက်တိုက် စျေးနှုန်းအညွှန်းကိန်း မြင့်တက်လာခဲ့သည်။

 

 

Greater Bangkok တွင်ရောင်းရန်ရှိသော လုံးချင်းအိမ်အသစ်များအတွက် စျေးနှုန်းညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ဆက်လက်မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ ယာယီညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောကြားခဲ့သည်။

ယမန်နှစ် စတုတ္ထ၃ လပတ်တွင် 131.0 ရှိခဲ့ရာမှ ယခုနှစ် ပထမ ၃ လပတ်တွင် 127.1 သို့ ကျဆင်းခဲ့သည်။ ဒုတိယ ၃ လပတ်တွင် 129.1 သို့ ပြန်မြင့်တက်ခဲ့ပြီး တတိယ ၃ လပတ်တွင် 130.7 သို့ ရောက်ရှိလာသည်။
ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ တတိယ၃လပတ်မှ စ၍ ပိုမြင့်နေခဲ့သည်မှာ ၃ လပတ် ၅ ခု ဆက်တိုက်ရှိပြီဟု ၎င်းက ပြောကြားသည်။

၂၀၂၂ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် မဟာဘန်ကောက်တွင် လုံးချင်းအိမ်အသစ်များ ရောင်းချမှုသည် နှစ်အတန်ကြာအတွင်း အရေအတွက် အများဆုံးနှင့် စုစုပေါင်းတန်ဖိုး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ကိုဗစ်ကပ်ရောဂါ အကြိုကာလ ၂၀၁၈ ထက် သာသည်။ လုံးချင်းအိမ်‌အသစ် စုစုပေါင်း ၇,၁၃၃ ခု ရောင်းချခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၉၈.၃ ဘီလီယံ ဖြစ်ပါသည်။

ပြီးခဲ့သည့် နှစ်ဝက်များကို ပြန်ကြည့်လျှင် လုံးချင်းအိမ်အသစ်များ 
• ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် ဘတ် ၄၄.၂ ဘီလီယံတန်ဖိုးရှိ အိမ် ၄,၀၅၃ ခု
• ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဘတ် ၄၀.၈ ဘီလီယံတန်ဖိုးရှိ အိမ် ၄,၀၈၀ ခု
• ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ဘတ် ၇၁.၈ ဘီလီယံတန်ဖိုးရှိ အိမ် ၅,၅၉၂ ခု
•  ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဘတ် ၆၈.၉ ဘီလီယံတန်ဖိုးရှိ အိမ် ၅,၉၄၀ ခု ရောင်းချခဲ့သည်။ 

single detached house, townhouse, duplex house, shophouse တို့ အကျုံးဝင်သည့် အထပ်နိမ့်အိမ်ရာအသစ်ကဏ္ဍ တခုလုံးအတွက် ဈေးနှုန်းအညွှန်းကိန်းသည် မဟာဘန်ကောက်တွင် ၂၀၂၃ ခုနှစ် တတိယ၃ လပတ်မှာ ၁၂၉.၈ သို့ မြင့်တက်လာသည်။
"မြေဈေး၊ အိမ်ဆောက်ပစ္စည်းဈေး၊ လုပ်သားစရိတ်၊ ဆောက်လုပ်ရေးစရိတ် အစစအရာရာ ဈေးတက်လို့ ဈေးနှုန်းအညွှန်းကိန်း မြင့်တက်ပါတယ်" ဟု Mr Vichai က ပြောကြားသည်။
ဈေးတက်ခဲ့သည့်အတွက် ရောင်းအား မကျစေရန် အခမဲ့ လက်ဆောင်အစီအစဉ်များဖြင့် အိမ်များကို ရောင်းချခဲ့ကြသည်။ လေအေးပေးစက်များ အခမဲ့ တပ်ဆင်ခြင်း၊ ခြံဝင်းဥယျာဉ်ဝန်ဆောင်မှုများ အခမဲ့ပေးခြင်းတို့ ရေပန်းစားခဲ့သည်။ ငွေသား ဈေးလျှော့ပေးခြင်းဖြင့်လည်း ဆွဲဆောင်ကြသည်။ 

 

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Read 247 times