နိုင်ငံခြားသား အိမ်ရာဝယ်ယူမှု ဒေါ်လာ ၆ သန်းကျော်သန်းကျော်ဖိုး အမည်ခံသည့် စင်ကာပူနိုင်ငံသားကို ငွေဒဏ်


05 March, 2024

နိုင်ငံခြားသား အိမ်ရာဝယ်ယူမှု ဒေါ်လာ ၆ သန်းကျော်သန်းကျော်ဖိုး အမည်ခံသည့် စင်ကာပူနိုင်ငံသားကို ငွေဒဏ် ထောင်ဒဏ် နှစ်ရပ် ချမှတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

စင်ကာပူဒေါ်လာ ၆ သန်းကျော် (ကန်ဒေါ်လာ ၄.၅ သန်း)တန်ဖိုးရှိ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် မရှိ ကန့်သတ်အိမ်ခြံမြေများဝယ်ယူရန် အမည်ခံ‌ပေးပြီး ကူညီခဲ့သည့် စင်ကာပူနိုင်ငံသားကို အင်္ဂါနေ့ (မတ်လ ၅ ရက်)တွင် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ် ချမှတ်လိုက်သည်။

 

အရှေ့ဘက်ကမ်းရိုးတန်းလမ်းရှိ အတန်းလိုက် တဆက်တည်း တည်ရှိသည့် အိမ်ရာများကို ဝယ်ယူခြင်း၏ နောက်ကွယ်မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်သည် လမ်းမကြီးတစ်လျှောက်ရှိ အိမ်များအားလုံးကို ဝယ်ယူပြီး ဖြိုချကာ ၎င်းနေရာလပ်တွင် ကွန်ဒိုမီနီယံ ဆောက်လုပ်ရန် ရည်ရွယ်ထားသည်။

 

အဆိုပါ စင်ကာပူနိုင်ငံသားမှာ အသက် ၅၇ နှစ်ရှိ Tan Hui Meng ဆိုသူ ဖြစ်ပြီး ၎င်းကို ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ၊ ငွေဒဏ် စင်ဒေါ်လာ ၃,၀၀၀ စီရင်ချက်ချသည်။

 

၎င်းက စီရင်ချက်နှင့် ပြစ်ဒဏ်ကို အယူခံဝင်ရန် ရည်ရွယ်ထားသည်။

 

၎င်းသည် ပြစ်မှုကျူးလွန်ကြောင်းကို ငြင်းဆိုသော်လည်း လူနေအိမ်ခြံမြေဥပဒေ၊ ကျမ်းကျိန်မှုများနှင့် ကြေညာချက်များအက်ဥပဒေ၊ မြေယာဥပဒေနှင့် အိမ်ရာဖွံ့ဖြိုးရေးအက်ဥပဒေတို့ကို ငြိစွန်းသည့် စွဲချက် ရှစ်ခုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

 

စွဲချက်မှများတွင် အရှေ့ကမ်းရိုးတန်းလမ်းတစ်လျှောက်ရှိ လုံးချင်းအိမ်သုံးလုံး ဝယ်ယူခြင်းတွင် ပိုင်ရှင်အဖြစ်  အမည်ခံခြင်းနှင့် ပိုင်ရှင်အဖြစ် အမည်ခံရန် အားပေးကူညီခြင်းတို့ ပါဝင်သည်။

 

တန်သည် ၎င်း၏အမည်နှင့် ပြည်တွင်းတွင် ထူထောင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Hwampoa ၏ ဒါရိုက်တာအဖြစ်ဖြင့် အိမ်နှစ်လုံးကို ဝယ်ယူခဲ့သည်။  

အကယ်စင်စစ် သူ၏လုပ်ဖော်ကိုင်ဖက် တရုတ်စီးပွားရေးသမား Zhan Guotuan အတွက် အမည်ခံပေးခြင်းသာ ဖြစ်သည်။

 

Tan သည် Zhan အတွက် တတိယအိမ်ဝယ်ရန် စင်ကာပူနိုင်ငံသား Guan Aimei ကို အမည်ခံပေးရန် ညွှန်ကြားခဲ့သည်။

 

အဆိုပါ အိမ်သုံးလုံးသည် နိုင်ငံခြားသားများ  နေထိုင်ခွင့် အက်ဥပဒေအရ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ရရန် ခွင့်ပြုမိန့် မရမနေ လျှောက်ထားရယူရန် ကန့်သတ်ထားသည့် လူနေအိမ်ရာများဖြစ်သည်။

 

Zhan သည် တရုတ်နိုင်ငံရှိ အဖွဲ့အစည်း ၁၀၀ ခန့် နှင့် အင်ဒိုနီးရှား၊ လာအို နှင့် ထိုင်းနိုင်ငံရှိ သံမဏိလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းများတွင် အစုရှယ်ယာများ ပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် အတွေ့အကြုံရှိပြီး ချမ်းသာသော စီးပွားရေးသမားတဦးဖြစ်သည်။

 

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များအတွင်း ပြစ်မှုကျူးလွန်ချိန်တွင် ၎င်း၏ တစ်နှစ်ဝင်ငွေသည် စင်ကာပူဒေါ်လာ ၇ သန်းခန့် ရှိသည်။

 

Zhan သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအစီအစဉ်မှတစ်ဆင့် စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားခဲ့ပြီး ၎င်း၏ညီအစ်ကိုနှစ်ဦးနှင့်အတူ စင်ကာပူတွင် စင်ကာပူဒေါ်လာ ၁.၅ သန်းခန့် ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့သည်။

 

၂၀၀၃ ခုနှစ်မှာ စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရခဲ့ပြီး ၂၀၀၃ ခုနှစ်ဝန်းကျင်တွင် စင်ကာပူတွင် Tan နှင့် တွေ့ဆုံခဲ့သည်။

 

ထိုအချိန်တွင် Tan သည် ကျွမ်းကျင်စာရင်းစစ်၊ စာရင်းကိုင်နှင့် ကော်ပိုရိတ်အတွင်းရေးမှုးဖြစ်သည်။

Zhan သည် စင်ကာပူ၏ ဥပဒေများနှင့် မရင်းနှီးဘဲ Tan သည် သူ၏ ရင်းနှီးမြှုပ်နှံမှုများကို ကူညီပေးသူ ဖြစ်လာခဲ့သည်။

 

နောက်ပိုင်းတွင် Tan သည် Zhan ကို ကုမ္ပဏီအချို့တည်ထောင်ရန် ကူညီခဲ့ပြီး Zhan သည် စင်ကာပူပြင်ပတွင် အနေများသောကြောင့် ကုမ္ပဏီများ၏ ဘဏ္ဍာရေးကဏ္ဍများကို Tan က စီမံခန့်ခွဲရသည်။

 

Zhan သည် အိမ်ခြံမြေ ဖွံ့ဖြိုးရေး လုပ်ငန်းကဏ္ဍတွင် ပါဝင်လာသည်။

 

စင်ကာပူ အိမ်ခြံမြေကဏ္ဍတွင် သူ့ကုမ္ပဏီများကို အသုံးပြုပြီး လုပ်ကိုင်သည်။ အိမ်များ ဝယ်ယူပြီး ဖြိုဖျက်သည်။ မြေကွက်လပ်တွင် ကွန်ဒိုမီနီယံ အငယ်စားများ ဆောက်လုပ်ပြီး ကွန်ဒိုအခန်းများကို ရောင်းချသည်။

 

 Tan က သူ့ကို အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ Alphaland နဲ့ Xin An တို့ကို ထူထောင်ရန် ကူညီပေးခဲ့သည်။

 

စီမံကိန်းများကို Rosyth Residence၊ Tembeling Court နှင့် Ceylon Residence တို့တွင် အောင်မြင်စွာဆောင်ရွက်ခဲ့ပါသည်။ ကွန်ဒိုအခန်းများကို အမြတ်အစွန်းဖြင့် ရောင်းချခဲ့သည်။

 

အမှုကြားနာရာတွင် တန်သည် သူ့အတွက် အရှေ့ဘက်ကမ်းရိုးတန်းလမ်းမှ အိမ်ရာ ၃ ခုကို ဝယ်ယူခဲ့ခြင်းသာဖြစ်ကြောင်း၊ သူတပါးအတွက် အမည်ခံ ဝယ်ယူခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

အရှေ့ဘက်ကမ်းရိုးတန်းလမ်းမှ အိမ်ရာ ၇ ခုအထိ ဝယ်ယူရန် အစီအစဉ်မှာ သူ့အစီအစဉ်ဟု သူက ဆိုသည်။

 

Zhan သည် တရုတ်နိုင်ငံမှာ နေထိုင်လျက် ရှိသည်ဟု ယူဆရပြီး အမှုမှ လွတ်ကင်းနေပါသည်။

 

Source cna


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Laws and Regulations Read 265 times