စင်ကာပူမှာ Alibaba တည်ဆောက်မယ့် အမြင့်ဆုံး မိုးထိတာဝါ


06 August, 2022

စင်ကာပူမှာ Alibaba တည်ဆောက်မယ့် အမြင့်ဆုံး မိုးထိတာဝါ

တရုတ်အင်တာနက်ကုမ္ပဏီကြီး Alibaba နှင့် စင်ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ Perennial Holdings ဦးဆောင်သော လုပ်ငန်းစုတို့က Central Business District ရှိ Shenton Way တွင် အထပ် ၆၃ ထပ် ဘက်စုံသုံးအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို တည်ဆောက်ရန် အတည်ပြု ခွင့်ပြုချက် ရရှိထားပါတယ်။

Urban Redevelopment Authority (URA) စာရွက်စာတမ်းများအရ အမြင့်ဆုံးခွင့်ပြုထားသောအမြင့်မှာ ၃၀၅ မီတာ ဖြစ်ပါတယ်။
 ၂၈၄ မီတာ မြင့်တဲ့ Guoco Tower ထက် ပိုမြင့်မှာ ဖြစ်ပြီး စင်ကာပူတွင် အမြင့်ဆုံးအဆောက်အဦအဖြစ်  မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။


အမှတ် ၈ ၊ Shenton Way တွင် တည်ဆောက်မယ့် အမြင့်  ၃၀၅ မီတာရှိ အဆောက်အဦဟာ စင်ကာပူတွင် အဆောက်အဦအမြင့်အတွက်  အာဏာပိုင်မှ အမြင့်ဆုံးခွင့်ပြုထားတဲ့ အမြင့်ဖြစ်ကြောင်း  URA ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့ (ဩဂုတ် ၅ ) တွင် ပြောကြားခဲ့ပါတယ်။

စီမံကိန်းဧရိယာက Tanjong Pagar မှ Shenton Way လမ်း အမှတ် ၈ မှာ တည်ရှိပြီး ယခင်က AXA Tower လို့ သိကြတဲ့ အထပ် ၅၀ အဆောက်အဦ တည်နေရာ ဖြစ်ပါတယ်။
လောလောဆယ်မှာ အမြင့် မီတာ ၂၈၀ အထက် အဆောက်အဦဆိုလို့  စင်ကာပူမှာ  Guoco Tower တစ်ခုတည်း ရှိပါတယ်။ 

စီမံကိန်းကို ၂၀၂၈ မှာ ပြီးစီးဖို့ လျာထားပါတယ်။
အဆောက်အဦမှာ လက်လီအရောင်းဆိုင် စားသောက်ဆိုင်၊ ရုံးခန်း၊ ဟိုတယ်နှင့် လူနေတိုက်ခန်းတို့ ပါဝင်ပါမယ်။ စုစုပေါင်း ကြမ်းခင်းဧရိယာ ၁၄၈,၄၅၀ စတုရန်းမီတာ ရှိပါတယ်။
ကြမ်းခင်းဧရိယာစုစုပေါင်းရဲ့ ၅၉% ဖြစ်တဲ့ ၈၇,၉၆၇ စတုရန်းမီတာကို စီးပွားရေး လုပ်ငန်းသုံးအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။ 
ကြမ်းခင်းဧရိယာ ၄၉,၄၂၁ စတုရန်းမီတာကို လူနေတိုက်ခန်း ၂၁၅ ခု အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ Alibaba Group က AXA Tower တွင် ရှယ်ယာ 50 ရာခိုင်နှုန်းကို စင်ကာပူဒေါ်လာ ၁.၆၈ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူခဲ့ပါတယ်။
#MyanmarBuilderGuide 
 Telegram Channel https://t.me/Guid4U
Source: CNA

Region Read 426 times