အဆောင်နေထိုင်သူများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အလူးအလဲခံနေရတဲ့ စင်ကာပူ


01 March, 2020

အဆောင်နေထိုင်သူများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို အလူးအလဲခံနေရတဲ့ စင်ကာပူ

ဧပြီလ ၁၉ ရက်နေ့ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၅ ဦးကိုတွေ့ရှိခဲ့ပြီး အဆိုပါ ၅ ဦးစလုံး မှာတစ်ဦးနှင့်တစ်ဦးထိတွေ့ဆက်ဆံခဲ့သော (အစုအဖွဲ့)အဆောင်နေအလုပ်သမားများဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ပြီးခဲ့သော အပတ်တွင်ပေါ်ထွက်လာသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၉၆ ယောက်တွင် ၅၄၄ ယောက်သည် work permit ကိုင်ဆိုင်ထားသူ အဆောင်နေပြည်ပအလုပ်သမားများဖြစ်ကြောင်း သိရသည်။ အခြားသော ၂၅ ယောက်တို့သည် စင်ကာပူ

နိုင်ငံတွင်းအတည်တကျနေထိုင်ခွင့်ရသူ (သို့မဟုတ်) စင်ကာပူနိုင်ငံသားများဖြစ်သည်ဟု သိရသည်။ သို့ရာတွင်နိုင်ငံခြားမှဝင်ရောက် ကူးစက်လာသူမရှိပေ။

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းရသူ နောက်ထပ် ၂၆ ယောက်ရှိလာခဲ့ပြီး စုစုပေါင်း ၇၆၈ သည်ဆေးရုံမှပြန်ဆင်းခဲ့ရပြီဖြစ်သည်။ အသစ်တွေ့ရှိသော ၅၉၆ယောက်တွင် ၆၈ရာခိုင်နှုန်းသည် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံခဲ့

သည့် (အစုအဖွဲ့) များဖြစ်ကြသည်။

စင်ကာပူသည် အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းအများဆုံးဖြစ်ပြီး လက်ရှိတွင်ကူးစက်ခံရသူပေါင်း ၆,၅၈၈ ဦးအထိရှိခဲ့ပြီဖြစ်သည်။

Global Read 39 times