စင်ကာပူ ဆောက်လုပ်ရေးကဏ္ဍ အာရှ ဈေးအကြီးဆုံး ဈေးကွက်စာရင်းတွင် စတုတ္ထနေရာရောက်ရှိ 


26 August, 2021

စင်ကာပူ က အာရှမှာ ဆောက်လုပ်ရေးအတွက်  စတုတ္ထဈေးအကြီးဆုံး ဈေးကွက်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတွက် ဆောက်လုပ်ရေးကဏ္ဍ ဈေးအကြီးဆုံးစာရင်းမှာ နံပါတ်(၃၇) ဖြစ်ကြောင်း Turner & Townsend မှ ထုတ်ပြန်တဲ့ International Construction Market Survey 2021မှာ ဖော်ပြထားပါတယ်။ 

တိုကျို (တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၄,၀၀၁) နဲ့ ဟောင်ကောင် (တစ်စတုရန်းမီတာ အမေရိကန်ဒေါ်လာ ၃,၈၉၄) တို့ဟာ ဆောက်လုပ်ရေးအတွက် ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်း(၁၀) မြို့များစာရင်းမှာ ပထမနဲ့ ဒုတိယ အသီးသီး‌ နေရာယူထားကြပါတယ်။ 

ဆောက်လုပ်ရေးအတွက် ကမ္ဘာ့ဈေးအကြီးဆုံး ထိပ်တန်း(၁၀) မြို့များစာရင်း 

၁။ တိုကျို
၂။ ဟောင်ကောင်
၃။ စန်ဖရန်စစ္စကို
4. နယူးယောက်
၅။ ဂျီနီဗာ
၆။ ဇူးရစ်
7. ဘော်စတွန်
8. လန်ဒန်
၉။ လော့စ် အိန်ဂျယ်လိစ်
၁၀။ မကာအို


အဆိုပါ အစီရင်ခံစာအဆိုအရ စင်ကာပူမှာ ဆောက်လုပ်ရေးကုန်ကျစရိတ်ဟာ တစ်စတုရန်းမီတာ  (sqm) ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂,၀၇၉ ရှိပါတယ်။ 
 
“စင်ကာပူ ဆောက်လုပ်ရေးဈေးကွက် အလားအလာကို ကြိုတင်ခန့်မှန်းဖို့က ၂၀၂၁ မှာ မရောမရာဖြစ်နေတယ်။ ဆောက်လုပ်ရေးအလုပ် လိုအပ်ချက်တွေ တဖြည်းဖြည်း တိုးလာနေတာကို ကျွန်တော်တို့ မြင်နေရပေမဲ့ ဈေးကွက်တစ်ခုလုံးအနေဖြင့် ကြည့်ရင် လုပ်သား မလုံလောက်ဘူး။ ပစ္စည်းပေးသွင်းတဲ့ကွင်းဆက်မှာလည်း အကန့်အသတ်တွေ ရှိနေတယ်။ လက်ရှိအနေအထားကြောင့် ဆောက်လုပ်ရေး ကုန်ကျစရိတ် အရှိန်တက်ပြီး တိုးနေတယ်။ ဆောက်လုပ်ရေး လိုအပ်ချက် တိုးလာနေတာကို အမီလိုက်ဖို့ လုပ်ကိုင်မှုစွမ်းအားကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်ပါတယ်” လို့ စင်ကာပူ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့အတွက် Turner & Townsend ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောပါတယ်။ 

Turner & Townsend ရဲ့ စစ်တမ်းကောက်ယူမှုအဆိုအရ စတီး၊ သစ်သားပျော့နဲ့ ကြေနီပိုက်လိုင်းတို့ရဲ့ ဈေးနှုန်းတွေ တစ်နှစ်တာလုံး ကမ္ဘာဈေးကွက်မှာ ဈေးထိုးတက်ခဲ့တာကြောင့် ဆောက်လုပ်ရေးကုန်ကျစရိတ်တွေ မြို့ကြီးတွေ အားလုံးနီးပါးမှာ ဈေးတက်စေခဲ့ပါတယ်။ 

စစ်တမ်းက ကမ္ဘာ့ဈေးကွက် ခုရေ ၉၀ မှ ရရှိတဲ့ အချက်အလက်များအပေါ် အခြေခံထားပါတယ်။ ဆောက်လုပ်ရေးပစ္စည်းအမျိုးမျိုးအတွက် ပေးသွင်းတဲ့ ကုန်ကျစရိတ်နဲ့ လုပ်သားခတို့ကို တိုင်းတာတွက်ချက်ပြီး ဆောက်လုပ်ရေး အမျိုးအစား ၂၇ တို့ရဲ့ ပျမ်းမျှ တစ်စတုရန်းမီတာအတွက် ကုန်ကျစရိတ်ကို အဖြေထုတ်ပါတယ်။ ပြည်တွင်း ဆောက်လုပ်ရေးကုန်ကျစရိတ်တွေ အားလုံးကို အမေရိကန်ဒေါ်လာသို့ ပြောင်းလဲပြီး မြို့ကြီးတွေအကြား နှိုင်းယှဉ်ပါတယ်။ 


Source: sbr.com.sg

Global Read 352 times