ရုံးခန်းငှားခများ ဟောင်ကောင်ထက် စင်ကာပူမှာ ပိုဈေးကောင်း


01 December, 2021

ရုံးခန်းငှားခနှုန်းထားများ ဟောင်ကောင်ထက် စင်ကာပူမှာ ပိုဈေးကြီးနေတာကို ၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကြုံတွေ့ရပါတယ်။ ဟောင်ကောင်နဲ့ စင်ကာပူတို့ဟာ အာရှရဲ့ ငွေကြေးဗဟိုချက်မများအဖြစ် လုပ်ငန်းပြိုင်များ ဖြစ်ကြပြီး ယခုလို စင်ကာပူမှာ ရုံးခန်းငှားခများ ဟောင်ကောင်ထက် ပိုများလာတာဟာ စင်ကာပူကို ဟောင်ကောင်ထက် ပိုမိုယုံကြည်စိတ်ချကြတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

တက်ရိပ်ပြနေတဲ့ စင်ကာပူ ရုံးခန်းငှားခ နှုန်းထားများ လာမယ့် ၂၀၂၂ မှ ပျမ်းမျှအားဖြင့် ၅ မှ ၁၀ % အထိ မြင့်တက်နိုင်ဖွယ် ရှိပါတယ်လို့ Bloomberg Intelligence အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဟောင်ကောင်မှာ အငှားမရတဲ့ ရုံးခန်းလွတ်တွေ ပိုများလာနေပြီး လာမယ့် ၂၀၂၂ နှစ်ကုန်မှာ ရုံးခန်းတွေမှာ ၁၂% ကျော်ဟာ အငှားမရတဲ့ ရုံးခန်းအလွတ်တွေ ဖြစ်နေမယ်လို့ ခန့်မှန်းထားပါတယ်။ 

 

Bloomberg Intelligence

Region Read 560 times