စင်ကာပူအိမ်ရာရောင်းအားသည် ၁၅ နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်း


16 January, 2024

စင်ကာပူအိမ်ရာရောင်းအားသည် ၁၅ နှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


စင်ကာပူသည် ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း နှေးနေခြင်းကြောင့်  အိမ်ရာ‌ဈေးကွက် ကျဆင်းမှု၏ အဆိုးဝါးဆုံး အခြေအနေများကို ယခုအချိန်အထိ ရှောင်ရှားနိုင်ခဲ့သော်လည်း အိမ်ခြံမြေဝယ်ယူမှုများအပေါ် ကန့်သတ်သည့် မူဝါဒများနှင့် နိုင်ငံ့စီးပွားရေး နှေးကွေးမှုကြောင့် အိမ်ရာဈေးကွက်သည် အကျဘက်သို့ ရောက်ရှိနေသည်။

 စင်ကာပူ ပုဂ္ဂလိကအိမ်ရာအသစ်ရောင်းအားသည် ၂၀၂၃ ခုနှစ်တွင် ၁၅ နှစ်တာအတွင်းအနိမ့်ဆုံးသို့ကျဆင်းသွားခဲ့သည်။
မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် Urban Redevelopment Authority URA မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် developer တို့သည် အိမ်ရာတိုက်ခန်းအသစ် ၆,၆၇၁ ခန်းသာ ရောင်းချခဲ့သည်။ 
 နှစ်အကုန် ဒီဇင်ဘာလတွင် ရောင်းအား ၁၃၅ ခန်း သို့ ကျဆင်းသွားခဲ့ပြီး နိုဝင်ဘာလတွင် ရောင်းချခဲ့သည့် အိမ်ရာတိုက်ခန်း အရေအတွက် ငါးပုံတစ်ပုံထက် လျော့နည်းခဲ့သည်။

တနှစ်တာ ရောင်းချခဲ့သည့် အိမ်ရာတိုက်ခန်း အရေအတွက်သည် ၂၀၂၃ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်သည်။ အိမ်ရာဈေးကွက် အရောင်း အေးနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလတွင် စင်ကာပူ အစိုးရက နိုင်ငံခြားသားများအတွက် အိမ်ရာဝယ်ယူခွန်ကို နှစ်ဆတိုးပြီး ၆၀ ရာခိုင်နှုန်း စည်းကြပ်သဖြင့်  ပြည်ပဝယ်လိုအား ကျဆင်းသွားခဲ့သည်။

စင်ကာပူတွင် အိမ်ရာဖွံ့ဖြိုးရေး ကုမ္ပဏီများက အကောင်အထည်ဖော်နေသည့် စီမံကိန်း ၄၄ ခု ရှိနေသည်။ ဇန်နဝါရီလတွင် စီမံကိန်း ၆ ခု အရောင်းစဖွင့်မည် ဖြစ်သည်။ 

အိမ်ရာတိုက်ခန်းများ အရောင်းနှေးကွေးမှုသည် developer များ၏ ရှယ်ယာများကို ဈေးကျဆင်းစေသည်။
စင်ကာပူ၏ အကြီးမားဆုံးစာရင်းဝင် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော City Developments Ltd. ၏ ရှယ်ယာဈေးနှုန်းသည် ယမန်နှစ်က ၁၉% ကျဆင်းခဲ့သည်။

အိမ်ရာတိုက်ခန်းစျေးနှုန်းများသည် ယမန်နှစ်က ၆.၇% မြင့်တက်ခဲ့သည်။

"အိမ်ရာတိုက်ခန်းအသစ်တွေ ဈေးဖွင့်တာ ဈေးနှုန်းတွေက မြင့်နေတယ်။ အိမ်ရာအတွက် ဘဏ်ချေးငွေ အတိုးနှုန်းက မြင့်နေတယ်။ ဒီတော့ အိမ်ရာအသစ် ရောင်းအား ကျဆင်းတယ်။ developer တွေက ဈေးနှုန်း အသင့်အတင့်ဖြင့် ရောင်းမှ အဝယ်လိုက်လာမယ်" ဟု Bloomberg Intelligence မှ လေ့လာဆန်းစစ်သူ Ken Foong က ပြောကြားသည်။
Source  Bloomberg 
 

Real Estate & Properties Read 600 times