စင်ကာပူ အိမ်ရာတိုက်ခန်းဈေးကွက် နိုင်ငံခြားသား ဝယ်ယူမှု ပိုများလာ


21 October, 2022

စင်ကာပူ အိမ်ရာတိုက်ခန်းဈေးကွက် နိုင်ငံခြားသား ဝယ်ယူမှု ပိုများလာ

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U


စင်ကာပူ နိုင်ငံတွင် ၂၀၂၂ စက်တင်ဘာလမှာ ကိုယ်ပိုင်အိမ်ရာတိုက်ခန်း အသစ်ဝယ်ယူမှု ၉၈၇ ခန်း ရှိခဲ့ကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင် Urban Redevelopment Authority မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ သိရပါတယ်။ ဩဂုတ်လမှာ ၄၃၇ ခန်းမျှသာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၂ နှစ်တာကာလမှာ အရေအတွက် အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလမှာ ဩဂုတ်လထက် ၂ ဆကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
.
စင်ကာပူမှာ အလုပ်လုပ်ကိုင်နေထိုင်တဲ့ နိုင်ငံခြားသားများ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြပြီး အိမ်ရာတိုက်ခန်းများ ဝယ်ယူမှု များပြားခဲ့ပါတယ်။ နိုင်ငံခြားသားများမှာ တရုတ်ပြည်မမှ သူဌေးများက ဝယ်ယူမှု အများဆုံး ဖြစ်ခဲ့ပါတယ်။ စင်ကာပူရဲ့ကိုယ်ပိုင် လူနေအိမ်ရာတိုက်ခန်း ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ အဆင့်မြင့် အိမ်ရာတိုက်ခန်းများကို အဝယ်များခဲ့ပါတယ်။ 
.
၂၀၂၂ စက်တင်ဘာလတွင် စင်ကာပူမှာ လုံးချင်းအိမ်ကြီးရခိုင်များ ရောင်းအားကောင်းခဲ့တဲ့အပြင် အဆင့်မြင့် အိမ်ရာတိုက်ခန်းများလည်း ရောင်းအား ပြန်လည်ကောင်းမွန်လာခဲ့ပြီး ယခုနှစ်တွင် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။
ကမ္ဘာ့အိမ်ခြံမြေဈေးကွက် လေဆန်ကို ကြုံနေရချိန်မှာ စင်ကာပူ အိမ်ရာတိုက်ခန်းဈေးကွက်က အခြေအနေ ကောင်းမွန်နေခဲ့ပါတယ်။
ဩဂုတ်လမှာ အိမ်ရာတိုက်ခန်း စီမံကိန်းအသစ် ရောင်းချခြင်း မရှိခဲ့လို့ ရောင်းချတိုက်ခန်း အရေအတွက် လျော့နည်းခဲ့တယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။
စက်တင်ဘာလမှာ အိမ်ရာတိုက်ခန်း စီမံကိန်းအသစ်က တိုက်ခန်းများ ဈေးဖွင့်ပြီး ရောင်းချခဲ့ပြီး စက်တင်ဘာလအတွင်းမှာ တိုက်ခန်းအားလုံးရဲ့ ၈၀% ရောင်းထွက်သွားခဲ့ပါတယ်။ 
ယခုအခါ အိမ်ရာတိုက်ခန်းဈေးကွက် သွက်လက်နေပေမဲ့ နှစ်ကုန်ပိုင်းမှာ အိမ်ရာတိုက်ခန်းဈေးကွက် ပြန်အေးသွားလိမ့်မယ်လို့ Cushman & Wakefield Plc’s Singapore ရဲ့ သုတေသနဌာနမှူး Wong Xian Yang က ခန့်မှန်းထားပါတယ်။ နှစ်ကုန်ပိုင်းမှာ နောက်ထပ် အိမ်ရာတိုက်ခန်း စီမံကိန်းအသစ်များ ရောင်းချဖို့ အစီအစဉ် မရှိတဲ့အတွက်ကြောင့် အရောင်းအဝယ် ပါးနေလိမ့်မယ်လို့ ဆိုပါတယ်။ 
.
OrangeTee & Tie မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၂၂ ဇန်နဝါရီလမှ ဩဂုတ်လအထိ ပထမ ၈ လတာအတွင်း တရုတ်ပြည်မှ ဝယ်လက်များက ကိုယ်ပိုင်အိမ်ရာတိုက်ခန်း ၉၃၂ ခန်း ဝယ်ယူခဲ့ပါတယ်။ ဒုတိယ အများဆုံး ဝယ်ယူတဲ့ မလေးရှား ဝယ်လက်များ ဝယ်ယူခဲ့တဲ့ တိုက်ခန်းခုရေထက် ၂ ဆ နီးပါး ဖြစ်ပါတယ်။ တတိယအများဆုံးက အိန္ဒိယဝယ်လက်များဖြစ်ပြီး စတုတ္ထအများဆုံးက အမေရိကန် ဖြစ်ပါတယ်။ အင်ဒိုနီးရှားက ပဉ္စမ အများဆုံး ဖြစ်ပါတယ်။


 .
အမေရိကန်ဒေါ်လာ ၃.၅ သန်းနှက်အထက် ရောင်းဈေးရှိတဲ့ အထက်တန်းစား ကွန်ဒိုမီနီယမ် တိုက်ခန်း ဝယ်ယူမှုမှာလည်း တရုတ်ပြည်မှ အများဆုံး ဝယ်ယူခဲ့ပြီး အမေရိကန်နိုင်ငံသားများက ဒုတိယ အများဆုံး ဖြစ်ပါတယ်။ 
ယခုနှစ် ပထမ ၈ လတာအတွင်း နိုင်ငံခြားသား ဝယ်လက်များက ဝယ်ယူခဲ့တဲ့ အိမ်ရာတိုက်ခန်း စုစုပေါင်း ၁၄,၀၀၀ ကျော် ရှိခဲ့ပါတယ်။ 
Source SCMP, OrangeTee & Tie

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Real Estate & Properties Residential Read 470 times