BRI အတွက် စင်္ကာပူနှင့် တရုတ် သဘောတူလက်မှတ်ရေးထိုး


23 November, 2020

တရုတ်၏ ပိုးလမ်းမအစီအစဉ် အောင်မြင်စွာ အကောင်အထည်ပေါ်လာရေးအတွက် အလိုအပ်ဆုံးဈေးကွက်အဖြစ် ယူဆခံထားရသည့်

စင်္ကာပူသည် ထိုအစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်တင်ရန် စင်္ကာပူက တရုတ်နှင့် ဧပြီ ၈ တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီဖြစ်သည်။

"ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစုရေကြောင်းပိုလမ်းမအစီအစဉ်ကို One Belt and One Road Initiative (OBOR)၊ The Belt and Road (B&R) နှင့်

The Belt and Road Initiavtive (BRI) ဟုလည်း ခေါ်သည်။ ၎င်းမှာ အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အဓိကထားသည့်၊

တရုတ်အစိုးရက အဆိုပြုသော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတစ်ခု ဖြစ်သည်။

ထို့ကြောင့် တရုတ်၏ ယင်းအစီအစဉ်သည် အာရှမှ ဥရောပကို ဆက်သွယ်မည့် ကြီးမားကျယ်ပြန့်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြစ်သည်။

စင်္ကာပူသည် BRI ၏ ၂၁ ရာစုရေကြောင်းပိုးလမ်းမတစ်လျှောက် မဟာဗျူဟာမြောက် တည်ရှိသည်။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ ဖြတ်လမ်းများတွင်လည်း တည်ရှိသဖြင့်

ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးအချက်အချာနေရာတစ်ခုလည်း အခိုင်အမာတည်ရှိနေသည်။

ဧပြီ ၈ က ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ စင်္ကာပူကုန်သွယ်ရေးနှင့် စက်မှုစီးပွားရေးလုပ်ငန်းဝန်ကြီးဌာနသည် တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့်

ပူးပေါင်း၍ နှစ်နိုင်ငံစလုံးမှ ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လုပ်ငန်းများဆောင်ရွက်လိုသည့်ဈေးကွက်ကဏ္ဍများ ရှာဖွေဖော်ထုတ်မည်ဖြစ်သည်။

ဤပူးပေါင်းဆောင်ရွက်မှုတွင် အခြေခံအဆောက်အအုံဆိုင်ရာနှင့် ဘဏ္ဍာရေးချိတ်ဆက်မှုအပြင် BRI တွင် ပါဝင်သည့် နိုင်ငံများမှ တာဝန်ရှိသူများအတွက် ပူးတွဲလေ့ကျင့်သင်ကြားရေးအပါအဝင်

အခြားနိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သည့် ၎င်း BRI အစီအစဉ်တွင် အာရှ၊ အာဖရိကနှင့် ဥရောပတစ်ခွင်ရှိ နိုင်ငံပေါင်း ၆၅ နိုင်ငံဝန်းကျင်ကို ဆက်သွယ်ရန် လမ်းများ၊ ဆိပ်ကမ်းများ၊

ရထားလမ်းများနှင့် စက်မှုဇုန်များ တည်ဆောက်မှုတို့ ပါဝင်ကြောင်း သိရသည်။

Events Read 74 times