Siam Cement Group က အရှေ့တောင်အာရှ အပါးဆုံး ကွန်ကရိတံတား ထုတ်ပြန်ကြေညာ


07 July, 2022

Siam Cement Group က အရှေ့တောင်အာရှ အပါးဆုံး ကွန်ကရိတံတား ထုတ်ပြန်ကြေညာ

ထိုင်းနိုင်ငံအခြေစိုက် Siam Cement Group က ဒစ်ဂျစ်တယ် ပုံစံထုတ်ခြင်းနှင့် အသင့်သွန်းလောင်း တပ်ဆင်ခြင်း နည်းလမ်းတို့ကို အသုံးပြုကာ အရှေ့တောင်အာရှ အပါးဆုံး ကွန်ကရိတံတား “thinnest concrete bridge”  ကို ထိုင်းနိုင်ငံတွင် အောင်မြင်စွာ တည်ဆောက်ပြီးစီးကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 
တံတားအမည်က Chalermphrakiart Bridge  ဖြစ်ပြီး အရှည် မီတာ ၃၀ ရှိပါတယ်။ SCG  ရုံးချုပ် ရုံးဝင်းထဲမှာ တည်ဆောက်ထားပါတယ်။ ယမန်နှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ယခုမှ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ 
ultra-high performance concrete (UHPC)  ကို အသုံးပြုထားပါတယ်။ 
UHPC က အခြားနည်းကပညာများထက် ကွန်ကရိဖိအား ၅ ဆ သာတယ်လို့ SCG ဒုဥက္ကဋ္ဌ  Chana က ပြောကြားပါတယ်။  ဖိအားဒဏ်နှင့် ဆွဲဆန့်ဒဏ် ခံနိုင်ရည် ပိုများပါတယ်လို့ သူက ဆိုပါတယ်။ 
UHPC နည်းပညာသုံးခြင်းဖြင့် ကွန်ကရက် ဆလက်ဘ်လောင်းရင် ၃၀ % ပိုပါးထားလို့ ရတယ်လို့ သူက ပြောကြားပါတယ်။ 
တံတားအသားအထူက ထုပ်တန်းများမှာ 30cm ရှိပြီး အပါးဆုံးနေရာမှာ 2.5cm မျှသာ ရှိပါတယ်။ 
ယမန်နှစ် ဇန်နဝါရီလမှ တံတားဆောက်လုပ်ရေး စတင်ခဲ့ပြီး စက်တင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။ 
#MyanmarBuilderGuide
 Telegram Channel
https://t.me/Guid4U

How To Read 372 times