Shwe Zabu River View ကွန်ဒိုအရောင်းပြပွဲပြုလုပ်


02 November, 2020

Shwe Zabu River View ကွန်ဒိုမီနီယံအရောင်းပြပွဲကို ဇွန်လ ၃ ရက်နဲ့ ၄ ရက်တွင်အလုံမြို့နယ်ကမ်းနားလမ်း Shwe Zabu River View ကွန်ဒိုမြေညီထပ်မှာပြုလုပ်သွားမည်ဟုသိရသည်။


Shwe Zabu River View ကွန်ဒိုတွင်တာဝါလေးလုံးရှိပြီး အခန်းပေါင်း ၁၀၄ ခန်းရှိပါသည်။

လက်ရှိရောင်းချမည့်အခန်းမှာအခန်း ၂၀ ကျော်ရှိပြီး အခန်းအကျယ်မှာစတုရန်းပေ ၂၀၀၀ ကျော်ရှိ၍ ဈေးနှုန်းမှာ သိန်းထောင်ကျော်ရှိကြောင်းသိရသည်။
ဝယ်ယူသူတွေအနေဖြင့်ပထမဆုံး ၃၀ ရာခိုင်နှုန်း ပေးသွင်းနိုင်ပြီးကျန် ၇၀ ရာခိုင်နှုန်းကိုဘဏ်နှင့်ချိတ်ဆက်ပြီး သုံးနှစ်ကနေ ၁၅ နှစ်အထိအရစ်ကျဝယ်ယူနိုင်ကြောင်းသိရသည်။
ကွန်ဒိုအခန်းများ၏လစဉ်ငှားရမ်းခမှာဒေါ်လာ ၃၀၀၀ ရရှိနိုင်ပြီးအငှားစာချုပ်ပါလွှဲပြောင်းရောင်းချပေးမည်ဖြစ်သည်။

Shwe Zabu River View ကွန်ဒိုသည်နိုင်ငံတကာအဆင့်မီစင်ကာပူနည်းပညာနှင့် လှပစွာတည်ဆောက် ထားသည့်ကွန်ဒိုမီနီယံဖြစ်ပြီး ရွှေတိဂုံစေတီတောမြတ်ကြီးနှင့်ရန်ကုန်မြစ်၏ မြင်ကွင်းအလှအပများကို ရှု့မြင်ခံစားနိုင်မည်ဖြစ်သည်။

မြေအကျယ်အဝန်းမှာ၁.၅ ဧကရှိသည့်အလုံမြို့နယ် ၊ ကမ်းနားလမ်းမကြီးပေါ်တွင်ဆောက်လုပ်ထားခြင်း
ဖြစ်ပါသည်။
Centralized Antenna System တပ်ဆင်ပေးထားသောကြောင့် သီခြားအင်တာနာများ၊ စလောင်းများတပ်ဆင်ရန်မလိုအပ်ပါ။

ထို့ပြင်လိုင်းဖုန်းတစ်လုံး၊ Security Door၊ ကားပါကင်တစ်စီး၊ အစရှိသည့် facilities များပါဝင်ပါသည်။

ထိုပြင် ၂၄ နာရီဖွင့်သည့်မီနီမတ်၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေ၊ ရေကူးကန်၊ အားကစားခန်းမ၊ အလှပြင်ဆိုင်၊ ကလေးကစားကွင်းနှင့်အရေးကြီးအစည်းအဝေးပြုလုပ်နိုင်သည့် Ambassador Lounge များပါဝင်ပါသည်။

ထို့နောက် ဓာတ်လှေခါးရှစ်စီး၊ဗီဒီယိုဖုန်းနှင့်စီစီတီဗီ၊ မီးသတ်ရေကန်နှင့် firealarm system များလည်းတပ်ဆင်ပေးထားကြောင်းသိရသည်။

imyanmarhouse

Events Read 44 times