Shwe Property တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲ


02 November, 2020


လာမည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၈၊ ၂၉၊ ၃၀ ရက်နေ့များတွင် (သောကြာ၊ စနေ၊ တနင်္ဂနွေ) သုံးရက်ဆက်တိုက် လှည်းတန်းစင်တာတွင် တန်ဖိုးသင့်အိမ်ရာ အထူးအရောင်းပြပွဲ ကျင်းပမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ရှိနေတဲ့ မြို့နယ်စုံက တန်ဖိုးသင့် အိမ်ရာတွေကို တစ်နေရာထဲမှာ ရွေးချယ် လေ့လာ ဝယ်ယူခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

သင့်ရဲ့ ပုံမှန်လစဉ် ဝင်ငွေနဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ စိတ်ကူးရှိတယ် ဆိုရင် လက်မလွှတ်သင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

Shwe Property တန်ဖိုးသင့်အိမ်ရာ အရောင်းပြပွဲကို မည်သူမဆို တက်ရောက် လေ့လာဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး လိုက်ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီများဖြစ်ကြတဲ့ Sun Myat Tun Construction, Nation Light Construction, Three Friends Construction, ARC Real Estate Services, Htun Construction, Triple – Gems Development, UAT Group Construction, Tet Thit Nay Wun Construction,ILO International, Toe Tet Thar Construction, Golden Gate International Development, SKK Family Construction, Maggin Construction, Win Thit Sar Construction တို့က မိုးရာသီ အထူးပရိုမိုးရှင်းအနေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်လိုချင်တဲ့ နေရာကောင်း အခန်းကောင်းတွေ လက်မလွှတ်ရစေဖို့ စောစောအရောက် လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပထမဆုံး အိမ်ဝယ်မည့်သူများအတွက် ဦးစားပေးကျင်းပတာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ အရစ်ကျစနစ်နဲ့ ပဲဖြစ်ဖြစ် ဘဏ်ချေးငွေနဲ့ပဲ ဖြစ်ဖြစ် အထူးသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရွေးချယ် ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Events Read 36 times