Shwe Property အနေနှင့် စင်္ကာပူရောက်မြန်မာများအတွက်အိမ်ရာအရောင်းပြပွဲ ကျင်းပမည်


04 November, 2020

ထူးခြားသောပရိုမိုးရှင်းအစီအစဉ်များနှင့်အတူ စင်္ကာပူရောက်မြန်မာများနောက်ဆုံးပေါ်နည်းပညာများကိုအသုံး ပြုပြီး မြန်မာပြည်မှအိမ်ရာများကိုဝယ်ယူနိုင်ရန် ShweProperty.comမှ အိမ်ရာအရောင်းပြပွဲကျင်းပမှာဖြစ်ကြောင်း သိရသည်။

“Shwe Property Expo with Myanmar’s Biggest Bank” သြဂုတ်လ(၂၆)နှင့် (၂၇)ရက်နေ့၊စင်္ကာပူနိုင်ငံ Peninsula Excelsior Hotel တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

တန်ဖိုးသင့်အိမ်ရာပရောဂျက်ပေါင်း(၁၂၅)ခုကျော်နှင့် တန်ဖိုးမြင့်ဇိမ်ခံအိမ်ရာ(၁၅)ခု ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပြီး၊အထူးပရိုမိုးရှင်းအစီအစဉ်များ၊အရစ်ကျစနစ်များနှင့်အတူ

ဘဏ်ချေးငွေရယူနိုင်ရန် CB Bankနှင့်ချိတ်ဆက်ပြီး ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

တန်ဖိုးသင့်အိမ်ရာများအား ပစ်မှတ်ထားပြီးအခြေခံလူတန်းစားများအပြင်အထက်တန်းလူတန်းစားများအတွက် ပါရည်ရွယ်ပြီးအိမ်ရာအရောင်းပြပွဲများကို Shwe Property မှ ဆက်တိုက်ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။

ရောင်းချမည့်အိမ်ရာပရောဂျက်များပေါ်မူတည်ပြီး တစ်လလျှင် (၅)သိန်းမှ (၁၅)သိန်းကြားအရစ်ကျသွင်းပြီးဝယ်နိုင်ကြောင်းသိရသည်။

ပြပွဲ၏အဓိကအချက်မှာ နောက်ဆုံးပေါ်နည်းပညာများဖြစ်သည့် Virtual Reality,Camera 360,Video Footage,Droneတို့နှင့် ရိုက်ကူးထားသောအိမ်ရာပရောဂျက်များကို ကြည့်ရှု့ပြီး

စင်္ကာပူနိုင်ငံတွင်နေထိုင်ရင်း အိမ်ဝယ်နိုင်မည့် အချက်ဖြစ်ကြောင်းသိရသည်။

ဘယ်မြို့နယ်တွေမှာ ဝယ်ယူရမလဲ ဆုံးဖြတ်ရခက်နေသူများအတွက်Drone,360 Virtual Tour များနှင့် ရိုက်ကူးထားရာမှ တစ်ဆင့်နေရာအတိအကျကိုကြည့်ပြီး

ပြသမှာဖြစ်သည့်အတွက် အလွယ်တကူရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ပြပွဲရက်အတွင်းတွင် မြန်မာ့အိမ်ခြံမြေဈေးကွက်အသစ်နှင့် ပတ်သက်သော အကြောင်းအရာများကိုဝေမျှသွားမည်ဖြစ်ကြောင်း

စင်္ကာပူရောက်မြန်မာများအတွက် ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ နေထိုင်ရန်ဖြစ်စေ အဆင်ပြေစေမည့်ထိုပြပွဲအားစိတ်ဝင်စားစရာကောင်းအောင် စီစဉ်ထားကြောင်းသိရသည်။

ဧရာချမ်းသာ၊Golden City,The Leaf Residence,iGreen Construction,Sun Myat Tun Construction,တက်သစ်နေဝန်းဆောက်လုပ်ရေး၊SKK, Triple Gems,Nation Light,တိုးတက်သာ၊မဂ္ဂင်

စသောလုံခြုံမှု ဦးစားပေး ဆောက်လုပ်ရေးလုပ်ငန်းများ၏ အိမ်ရာများကိုဈေးသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်းသိရသည်။

ပြပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်ကိုသိလိုပါက [email protected] (သို့)09965745973 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

Events Read 38 times