မီးသင့်ခဲ့သည့် Sky Walk စက်လှေခါးနှင့် ဓာတ်လှေခါးပြုပြင်ရန် ဆိုင်ခန်းရှင်များနှင့် ဆွေးနွေးသွားမည်


26 December, 2020

မီးဘေးသင့်ခဲ့သည့် Sky Walk စျေးဝယ်စင်တာကို အဆောက်အအုံပင်မပိုင်း ပြုပြင်ပြီးနောက် စက်လှေခါးနှင့် ဓာတ်လှေခါးပြုပြင်ရန် ဇန်နဝါရီလအတွင်း ဆိုင်ခန်းရှင်များနှင့် ဆွေးနွေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မီးဘေးသင့်လောင်ကျွမ်းခဲ့သည့် ရတနာပုံဈေး  Skywalk အထပ်ကို ပြန်လည်ပြုပြင်လျက်ရှိရာ ဒီဇင်ဘာ  ၆ ရက်က စတင်ကာ  အမိုးပိုင်း တောင်ဘက်ခြမ်းကို ကွန်ကရစ်စလောင်းခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်က အနောက်ဘက်အခြမ်းကို အပြီးသတ် ကွန်ကရစ်လောင်းပြီးခဲ့ကြောင်း သိရသည်။

“Skywalk ကြမ်းခင်းနဲ့ အမိုး (ရတနာမောလ် ကြမ်းခင်း)နဲ့ လိုအပ်တဲ့ ထုတ်တန်းများ တိုင်များကို ကွန်ကရစ်လောင်းပြုပြင်ခြင်း အပြီးသတ်ပြီဖြစ်ပြီး မူလရည်ရွယ်တဲ့အချိန်အတွင်း ပြီးစီးပါတယ်။ Skywalk အထပ်ရှိ ယခင်ဆောက်လုပ်စဉ်က သေသပ်မှု အားနည်းခဲ့တဲ့ တိုင်အချို့နဲ့ ထုတ်တန်း အချို့ကို ဆက်လက်အချောကိုင်ပေးမှာ ဖြစ်ပါတယ်”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ရတနာပုံဈေးရှိ Skywalk ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်း ၁၂၅ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြိုးအိ (MDN)

Factory and Industrial Plant Read 227 times