Sheraton Yangon Hotel


26 October, 2020

Sheraton Yangon Hotel စီမံကိန်းမှာ မြန်မာဆောက်လုပ်ရေး မြန်မာအင်ဂျင်နီယာတို့ဖြင့် ဒီဇိုင်းဆွဲဆောက်လုပ်နေသည့် US မှ နာမည်ကြီး ဟိုတယ်ကုမ္ပဏီ Starwood Hotels & Resorts  မှ လာရောက်ဖွင့်လှစ်မည့် ကန်တော်ကြီးစောင်းရှိ ဟိုတယ်တစ်ခုဖြစ်ပါသည်။

ထိုစီမံကိန်းမှာ တာမွေမြို့နယ်၊  ဦးထွန်းမြတ်လမ်း ဧက ၁.၂ ဧက ပေါ်တွင် ကန်တော်ကြီးနားတွင် တည်ရှိပြီး ထိုအနီးအနားရှိ ဟိုတယ်များဖြစ်သည့် Chatrium Hotel , Kandawgyi Palace Hotel တို့နှင့်တန်းတူ 5 star ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှု

ထိုဟိုတယ်ကို Family Business Group Hotel မှ ပိုင်ပြီး ၂၀၁၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပါသည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားရပြီး ၂၀၁၄ ခုနှစ်တွင် သင့်တော်သော ဟိုတယ်စီမံခန့်ခွဲရေးကုမ္ပဏီကို ရှာတွေ့ကာစည်ပင်သာယာမှ ခွင့်ပြုချက်နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့ပါသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း တရားဝင်ရင်းနှီးမြှုပ်နှံမှု ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုမိန့်ပေးထားကြောင်း သိရှိရပါသည်။

ဟိုတယ်စီမံခန့်ခွဲမည့်ကုမ္ပဏီမှာ အမေရိကန်မှ Starwood Hotels & Resorts ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စီမံခန့်ခွဲရေးလက်မှတ်ရေးထိုးခဲ့ပါသည်။ ဤသို့ရေးထိုးနိုင်ခြင်းမှာ  အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ စီးပွားရေးပိတ်ဆို့မှု လျော့ချလိုက်သည့်အတွက် ဖြစ်မြောက်သွားကြောင်း သိရှိရသည်။

ထို့နောက် ၂၀၁၅ ခုနှစ မေလ တွင် Starwood သည် မြန်မာနိုင်ငံသို့ Sheraton Yangon Hotel ဖြင့် စတင်ဝင်ရောက်မည်ဖြစ်ကြောင်း အများပြည်သူသို့ တရားဝင်ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။

သို့ရာတွင်လည်း ဤဟိုတယ်သည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအပြည့်ဖြစ်ပြီး Starwood မှ လခဆန်ဆန်သာစီမံခန့်ခွဲကြေးယူပြီး ပိုင်ဆိုင်မှုမရှိကြောင်း သိရှိရသည်။

အဆောက်အအုံနှင့်ဒီဇိုင်း

ဟိုတယ်မှာ မြေပေါ် ၁၄ ထပ်မြင့်ပြီး မြေအောက်ထပ်နှစ်ထပ်ပါဝင်ကာ ဟိုတယ်အခန်းအရေအတွက် စုစုပေါင်း ၃၄၇ ခန်း ပါမည်ဖြစ်သည်။ အဆောက်အအုံ၏ ပုံသဏ္ဍာန်မှာ အင်္ဂလိပ်အက္ခရာ L ပုံစံဖြစ်ပြီး အဆောက်အအုံ၏ အကျယ်အဝန်းမှာ (၂၁၇ ပေ x ၂၆၆ပေ) ဖြစ်ပါသည်။

ဆောက်လုပ်ရေးကို Family Business Group Construction မှ တာဝန်ယူဆောက်လုပ်လျှက်ရှိပြီး ဒေါ်လာ သန်း ၅၀ အကုန်အကျခံကာ ၂၀၁၇ ခုနှစ်အစောပိုင်းတွင် အပြီးတည်ဆောက်မည်ဟုဆိုသည်။ တည်ဆောက်ပြီးစ ပြင်ဆင်မှုများ ပြုလုပ်ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဟိုတယ်အား တရားဝင် ဖွင့်လှစ်သွားမည်ဟု Sheraton မှ ကြေငြာထားပါသည်။

ဗိသုကာဒီဇိုင်းကိုမူ မြန်မာနိုင်ငံမှ Naing Group ၏ လုပ်ငန်းခွဲဖြစ်သည့် Myanmar New Generation Design မှ ဆွဲပေးထားသည်။ Mechanical and electrical အင်ဂျင်နီယာပိုင်းဆိုင်ရာကို မြန်မာနိုင်ငံမှ UFP Engineering က ဒီဇိုင်းဆွဲပေးထားသည်ဟု သိရသည်။

အတွင်းပိုင်းဒီဇိုင်းကိုမူ ဗီယက်နမ်နိုင်ငံမှ M Architects မှ ၂၀၁၅ ခုနှစ်တွင် Sheraton ၏ တံဆိပ်နှင့် အညီ ဆွဲပေးထားပါသည်။  

 

Company Country of Origin

Role

Family Business Group Hotel Myanmar Land owner
Family Business Group Construction Myanmar Contractor
Marriott Hotel Group US Hotel management
Myanmar New Generation Design Myanmar Architecture
M Architects Vietnam Interior design
UFP Engineering Myanmar M&E
AIT Consulting Thailand Engineering software consultant

မြေအောက်ထပ်နှစ်ထပ်မှာ ကားပါကင်ဖြစ်ပြီး ကားအရေအတွက် ၂၀၀အထိ ဆန့်ဝင်သည်ဟု သိထားပါသည်။

မြေညီထပ်တွင် လူအယောက် ၇၀၀ ဆန့် စတုရန်းမီတာ ၁၈၈၀ ကျယ်ဝန်းသည့် ခန်းမတစ်ခုပါရှိမည်ဖြစ်သည်။ ဟိုတယ်တစ်ခုလုံးတွင်လည်း သူတို့၏အမှတ်တံဆိပ်ဖြစ်သည့် Shine Spa for Sheraton, ရေကူးကန်၊  Roof Stop စားသောက်ဆိုင် ၁ ဆိုင်အပါအဝင် စားသောက်ဆိုင် ၆ ဆိုင်၊ Sheraton Fitnesscentre တို့ ပါဝင်မည်ဖြစ်သည်။

ဟိုတယ်တွင် ဓာတ်လှေကား ၉ စင်း၊ ရွှေ့လျားစက်လှေကား ၃ စင်း တပ်ဆင်ထားပါသည်။

Hospitality Read 112 times