ရှမ်းပြည်နယ်(တောင်ပိုင်း)(၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

26 December, 2020

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၉၆.၉၇၄)သန်းဖြင့် ဆီဆိုင်မြို့နယ်၊ 

ပါလောပါကယ် ကျေးရွာအုပ်စု၊ ကျားတောင်-ကောင်ပန်တန်း ကျောက်လမ်း((၆/၀)မိုင် အနက် (၂/၂)မိုင် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ ကျန်(၃/၆)မိုင်မှ (၁/၀)မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း 

စတင်ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ကောင်းမွန်ရေးအတွက် ဒီဇင်ဘာ ၇ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ရာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (၁/၀)မိုင် အနက်(၀/၆)မိုင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျောက်လမ်း(၆/၀)မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းပြီးစီးပါက ဆီဆိုင် မြို့နယ် တစ်ခုလုံးနှင့် ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်များသို့ သွားလာရန် ယခင်ကထက် ပိုမို လွယ်ကူမှုရှိပြီး 

ဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာကြောင်း ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၁၀)ရွာ၊ အိမ်ခြေ(၆၅၆)အိမ်၊ အိမ်ထောင်စု(၆၇၀)စု၊ လူဦးရေ (၃၀၈၂)ဦးခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ယင်းဒေသရှိ တောင်ယာ စိုက်ပျိုးသည့် 

တောင်သူများအနေဖြင့်လည်း မိမိဒေသထွက်ကုန်များအား ဈေးကွက်သို့ အချိန်တိုအတွင်း အလွယ်တကူတင်ပို့ ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမှုစီးပွားဘဝများ တိုးတက်လာမည် ဖြစ်သည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)

Mixed Use and Urban Read 246 times