မြန်မာနိုင်ငံတွင် စက်မှုဇုန်တည်ဆောက်ရန် Sembcorp ကုမ္ပဏီ စီစဉ်


01 January, 2020

Sembcorp Industries ၏အစုရှယ်ယာလက်အောက်ခံ Sembcorp Development (Sembcorp) သည် မြန်မာစင်ကာပူစက်မှုဇုန်ကိုတည်ဆောက်လိမ့်မည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် Sembcorp၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်သော ပထမဆုံးမြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိခဲ့ပြီး ရန်ကုန်၊တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်တွင် စက်မှုဇုန်၊ လူနေအိမ်ရာနှင့် စီးပွားရေးလုပ်ငန်းများအတွက် မြေဧက ၄၃၆ ဟက်တာတွင် အကောင်အထည်ဖော်မည် ဖြစ်သည်။

 

မြေငှားရမ်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မကြာမီ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရမည်။ စီမံကိန်းကို ၉ နှစ်တာကာလအတွင်း တည်ဆောက်လိမ့်မည်။

Factory and Industrial Plant Read 34 times