မြန်မာ့အကြီးဆုံး ကုန်သွယ်ရေးအဆင့်မြင့်စင်တာ Semanea Yangon လက်ကားဈေး


16 December, 2020

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်နှင့် ရတနာလမ်းထောင့်ရှိ မြေ ၁၆၇ ဧကပေါ်တွင် Semanea Yangon လက်ကားဈေးကို စင်္ကာပူအခြေစိုက် Semanea Group နဲ့ မြန်မာနိုင်ငံ EI Co.,Ltd တို့က အကျိုးတူပူပေါင်း တည်ဆောက်နေသော စီမံကိန်းတစ်ခုဖြစ်ပြီး ဧပြီလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါဈေးကြီးကို နိုင်ငံတကာဈေးများကဲ့သို့ တစ်နေရာတည်းတွင် လွယ်ကူစွာဝယ်ယူနိုင်ပြီး ဆိုင်ခန်းပေါင်း ၇၂၁ ခန်း ပါဝင်၍ ရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်း ၈၀ ရှိကြောင်း သိရသည်။

 တည်ဆောက်ခြင်းလုပ်ငန်းများကို အပိုင်း (၃) ပိုင်းခွဲထားကာ အပိုင်း (၁) ကို ယခုနှစ် ဧပြီလတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အပိုင်း (၂) ကို ဧပြီလ နောက်ပိုင်းမှ ဆက်လက် တည်ဆောက်မည်ဖြစ်၍ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 စီမံကိန်း အပိုင်း (၃) တွင် လူနေအိမ်များ၊ Shopping စင်တာ၊ ဟိုတည်များ ပါဝင်မည်ဖြစ်ကြောင်း Samanea Yangon Development Limited မှ သိရသည်။

 '' ဒီလက်ကားဈေးကို One Stop Wholesale Market အဖြစ် လုပ်သွားမည်ဖြစ်ပါတယ်။ အပိုင်း (၁) ကိုဖွင့်ပြီးရင်တော့ မြန်မာတစ်နိုင်ငံလုံးက ကုန်သည်တွေကို ဖိတ်ကြားကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။ အသေးစားလုပ်ငန်းရှင်တွေ လုပ်ငန်းလုပ်လို့လွယ်ကူအောင် ကျွန်တော်တို့က သူတို့ကိုဆိုင်ခန်းငှားပေးမှာ ဖြစ်ပါတယ်။ မရောင်းပါဘူး။ ငှားတာဖြစ်လို့သူတို့လည်း လွယ်လွယ်ကူကူနဲ့ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်နိုင်အောင်လို့ပါ။ လုပ်ငန်းကြီးတွေလည်း ပူးပေါင်းနိုင်မှာဖြစ်ပါတယ် '' ဟု Samanea Yangon Development Limited ၏ DGM ကပြောသည်။ 

 

 

ဆိုင်ခန်းဌားခအဖြစ် 1 meter square ကို ၁ လကို ကန် ၁၈ ဒေါ်လာပေးချေရမှာဖြစ်ပြီး ဖွံ့ဖြိုးဆဲကာလ ပထမ ၃ နှစ်ကို ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားသောကြောင့် ပထမနှစ် ၈ လ၊ ဒုတိယနှစ် ၆ လ၊ တတိယနှစ် ၃ လအထိ ဝန်ဆောင်ခပေးစရာမလိုဘဲ ငှားရမ်းပေးသွားမည် ဖြစ်သည်။

ယင်းဈေးတွင် အလှကုန်ပစ္စည်း၊ အထည်အလိပ်၊ လျှပ်စစ်ပစ္စည်း၊ ကုန်မာပစ္စည်း၊ ဒီဂျစ်တယ်ထုတ်ကုန်၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လူသုံးကုန်နှင့် ဇိမ်ခံအသုံးအဆောင်ပစ္စည်းများအပြင် အမျိုးအစားပေါင်း ၂၁ မျိုးအထိ ရောင်းချကာ တစ်နေရာတည်းတွင် လက်ကားဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 88 times